
အသက်(၄၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Yang Dan ဟာ (၁၉၉၆)ခုနှစ်ကတည်းက တရုတ်ပြည်အသံလွှင့်ဌာနမှာ အလုပ်လုပ်နေခဲ့တာ ဖြစ်ပါတယ်။ တရုတ်အစိုးရဝက်ဆိုက်ဒ်သတင်းအရ Ms Yang ဟာ (၁၉၇၃)ခုနှစ် နိုဝင်ဘာလမှာ မွေးဖွားခဲ့ကြောင်းသိရပါတယ်။
သူမဟာ(၁၉၉၅)ခုနှစ်မှာ ဘေကျင်းအသံလွှင့်သိပ္ပံကနေ ဘွ့ဲရရှိခဲ့ပြီး (၁၉၉၆)ခုနှစ်မှာတော့ တရုတ်ပြည်အလယ်ပိုင်း တီဗီဌာနတစ်ခုရဲ့ မိုးလေဝသအစီအစဉ်ကြေညာသူအဖြစ် ဝင်ရောက်အလုပ်လုပ်ခဲ့တာပါ။ အွန်လိုင်းအသုံးပြုသူတော်တော်များများက သူမရဲ့မိုးလေဝသအစီအစဉ်တွေကိုကြည့်ရှုပြီး ကြီးပြင်းလာကြတာပါ။
သူတို့က သူတို့သာ တဖြည်းဖြည်းအသက်ကြီးလာပေမယ့် သူမကတော့ ကြည့်ရတာ ဘယ်လိုမှအသက်ကြီးမလာကြာင်း တအံ့တသြပြောဆိုကြပါတယ်။ Ms Yang ကို မအိုဆေးများ စားထားလေသလားလို့ ထင်မှတ်နေကြောင်း ဆိုပါတယ်။စာဖတ်သူတွေလည်း အောက်မှာဖော်ပြထားတဲ့ Ms Yang ရဲ့ ဓာတ်ပုံတွေကို ကြည့်ကြည့်ပါ။ ကြည့်ရတာတောင် ငယ်သထက် ငယ်လာသလိုပါပဲ။
1996
1997
1998
1999
2000
2001
2002
2003
2004
2005
2006
2010
2011
2012
2013
2015
2018
Leave a Reply