
ဟောင်ကောင်မှ ရဲမေလေး တစ်ယောက်ကတော့ Facebook Live Video မှ တဆင့် သူ့အကြောင်းများပျံ့န့ှံသွားပြီး ပုရိသတွေကြားမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။
မျက်စိလျင်တဲ့ အင်တာနက် သုံးစွဲသူတွေက သူမကို HK Apple Daily ရဲ့ စနေနေ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကနေတဆင့် သတိထားခဲ့မိတယ်လို့ ဆိုပါတယ်။
ပုံထဲက အဖြူရောင်ရှပ်အင်္ကျီ၊ ရဲ ဂျာကင်နဲ့ ဦးထုပ်ကို ဆောင်းထားတဲ့သူမဟာ ဆူပူမှုဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး လူသုံးယောက်ကို စစ်မေးနေခဲ့တာဖြစ်ပါတယ်။
သူမရဲ့ ကျော်ကြားမှုက ညတွင်းချင်းကို မြင့်တက်ခဲ့ပါတယ်၊ လူမှုကွန်ယက်အသုံးပြုသူတွေက သူမရဲ့အကြောင်းကိုအင်တာနက်မှာ အလျင်အမြန်ရှာဖွေခဲ့ကြပြီး သူမရဲ့ အင်စတာဂရမ် အကောင့်ကိုလည်း ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ အဲ့နောက်မှာ သူမကို follow သူ အရေအတွက်က ၃၁,၇၀၀ ကျော်သွားခဲ့ပါတယ်။
သူမရဲ့ ညတွင်းချင်း ကျော်ကြားမှုက ပြည်သူတွေ ဟောင်ကောင် ရဲအရာရှိတွေပေါ်ထားတဲ့ မကောင်းမြင်မှုတွေကိုပါ ေ၀ဝါးသွားစေပါတယ်။ တစ်ချို့ အင်တာနက်သုံးစွဲသူတွေ က သူမရဲ့အရင်ပုံဟောင်းတွေနဲ့ အလုပ်စဝင်တဲ့အချိန်က ပုံတွေကို ရှာဖွေပြီး online မှာပြန်တင်ခဲ့ပါတယ်။
နောက်ပိုင်းတော့ သူမကိုယ်တိုင်က သူမရဲ့ Instagram အကောင့်ကို private လုပ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
Leave a Reply