သုံးဘီးဆိုင်ကယ်နဲ့ ဖုန်းဆိုင်ကို ဝင်တိုက်ခဲ့တဲ့ ခွေးလေး

ခွေးလေးတစ်ကောင်ဟာ သုံးဘီးဆိုင်ကယ်ကိုစီးပြီး ဖုန်းဆိုင်ကို ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ စီစီတီဗီံ မှတ်တမ်းများအရ ခွေးလေးဟာ သုံးဘီးဆိုင်ကယ်ကို စီးပြီး ဖုန်းဆိုင်ရဲ့ နံရံကို ဝင်တိုက်ခဲ့ပြီး ဆိုင်ထဲကို ရောက်သွားတာပဲ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ်ဟာ တရုတ်နိုင်ငံ ပိုင်ကျုံမြို့မှာ ဖြစ်ပွားခဲ့ပြီး ထို ဖုန်းဆိုင်ထဲမှ ဝန်ထမ်းတွေရော ဈေးသည်တွေရော အကုန်ထွက်ပြေးခဲ့ရပါတယ်။ မျက်မြင်တွေ့ခဲ့ရသူတွေရဲ့ ပြောစကားအရ ထို သံုံးဘီးဆိုင်ကယ်ဟာ မောင်းသူမရှိပဲ ခွေးလေးက မောင်းပြီး ဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

သုံးဘီးဆိုင်ကယ် ပိုင်ရှင်ကတော့ သူ့ရဲ့ ခွေးလေးကို သုံးဘီးဆိုင်ကယ်ထဲမှာ ထားပြီး စက်နှိုးခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ ခွေးလေးကလီဗာကို ဖိလိုက်မိပြီး ဆိုင်ကယ်ကို မောင်းထွက်သွားတာ ဖြစ်နိုင်တယ်လို့လည်း မျက်မြင်တွေ့ခဲ့သူတွေက ပြောကြားထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*