မြွေတွေရှိနေတဲ့ မြစ်ချောင်းထဲသို့ပြုတ်ကျသွားခဲ့တဲ့ လူတစ်ယောက်ကို ကူညီဖို့ကြိုးစားခဲ့တဲ့ လူဝံ

အခုဖော်ပြထားခဲ့တဲ့ ဓာတ်ပုံတွေကိုတော့ Borneo ကျွန်းမှာရှိတဲ့ သစ်တောအတွင်းမှာရိုက်ကူးထားခဲ့တာဖြစ်ပြီး ၊ အဆိုပါဒေသမှာရှိတဲ့ တိရစ္ဆာန်တွေကို အမဲလိုက်မုဆိုးတွေရဲ့ ရန်ကနေ ကာကွယ်ပေးထားတာပဲ ဖြစ်ပါတယ် ။ Anil Prabhakar အမည်ရှိတဲ့ ဓာတ်ပုံဆရာဟာ အဆိုပါတောထဲသို့ ခြေလျင်ခရီးထွက်လာခဲ့ရင်းနဲ့ အော်ရန်အူတန်လူဝံတွေကို

ကာကွယ်ပေးတဲ့လုပ်ငန်းဆောင်ရွက်နေလျက်ရှိတဲ့ အမျိုးသားတစ်ဦးကို မြစ်ချောင်းအတွင်းမှာတွေ့ရှိခဲ့တာဖြစ်ပါတယ် ။ အဆိုပါအမျိုးသားဟာ မြစ်ချောင်းတွေထဲမှာ မြွေတွေကိုမကြာခဏတွေ့ရှိတယ်ဆိုပြီး သတင်းရထားလို့ လူဝံတွေကိုကာကွယ်ဖို့ မြစ်ချောင်းအတွင်းသို့ဆင်းပြီး ချုံပုတ်တွေကို ရှင်းလင်းပေးနေတာဖြစ်ပါတယ် ။

မကြာခင်မှာပဲ အဆိုပါအမျိုးသားဆီသို့ အော်ရန်အူတန်လူဝံတစ်ကောင်ရောက်ရှိလာပြီး ဘာတွေလုပ်နေတာလဲ ဆိုပြီးလာရောက်ကြည့်ရှုနေပုံရပြီးနောက် ၊ ဒုက္ခရောက်နေတယ်အထင်နဲ့ အဆိုပါအမျိုးသားဆီသို့ ချဉ်းကပ်သွားခဲ့ပြီး လက်ကမ်းပေးကာ ကူညီပေးဖို့ကြိုးစားခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆိုပါ ဝန်ထမ်းအမျိုးသားက လူဝံရဲ့လက်ကမ်းကူညီမှုကို မသိစလိုနဲ့ငြင်းပယ်ခဲ့ကြောင်းလည်း သိရှိရပါတယ် ။

Anil က အဆိုပါဝန်ထမ်းအမျိုးသားကို ဘာကြောင့်ငြင်းပယ်ခဲ့တာလဲဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့ ” သူတို့တွေက တောရိုင်းတိရစ္ဆာန်တွေပါ ၊ သူတို့နဲ့ မရင်းနှီးအောင် နေပါတယ် ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို ကာကွယ်ပေးနေပါတယ် ” ဆိုပြီးတော့သာ ဖြေကြားခဲ့ကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*