အရိုးရှင်းဆုံးပုံစံနဲ့ ဇနီးသည်ကို ဘယ်လောက်ချစ်လဲဆိုတာ သက်သေပြခဲ့တဲ့ ဦးလေးကြီးရဲ့လုပ်ရပ်

တစ်စုံတစ်ယောက်ဆီကနေ တန်ဖိုးမဖြတ်နိုင်တဲ့ မွေးနေ့လက်ဆောင်မျိုးရဖူးကြလား ။ မွေးနေ့ပွဲဆိုရင် မွေးနေ့ကိတ်လေးနဲ့မှ ပြည့်စုံတယ်လို့ ထင်မြင်မိကြမှာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက် မလေးရှားနိုင်ငံက ဦးလေးကြီးတစ်ယောက်မှာတော့ ညဘက်အတော်နောက်ကျတဲ့အချိန်မှာမှ ဟမ်ဘာဂါဆိုင်သို့ရောက်ရှိလာပြီး

ဟမ်ဘာဂါတစ်လုံးမှာယူခဲ့ပြီးနောက် ဘူးအဖုံးပေါ်မှာ Happy Birthday my wife ဆိုတဲ့ စာလုံးလေးကို ဆိုင်ရှင်ကို ရေးသားခိုင်းခဲ့ပါတယ် ။ ဦးလေးကြီးကို မေးမြန်းခဲ့ချိန်မှာတော့ ” ဒီအချိန်မှာ ကိတ်မုန့်ဆိုင်တွေက မဖွင့်တော့လို့ ကျွန်တော့်ဇနီးသည်ရဲ့မွေးနေ့အတွက် ဒီဆိုင်မှာ ဟမ်ဘာဂါ လာဝယ်ပေးတာပါ ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။

ထို့အပြင် ဇနီးသည်လေးကို မမေ့မလျော့တမ်း Surprise လုပ်ပေးခဲ့တဲ့ ဦးလေးကြီးရဲ့လုပ်ရပ်ဟာ အတော်လေးကို ချစ်ဖို့ကောင်းလွန်းလှပါတယ် ။ အဆိုပါ ဓာတ်ပုံတွေကို social media ပေါ် ဝေမျှခဲ့ချိန်မှာတော့ လူအများက ရိုးရှင်းပြီး ချစ်ဖို့ကောင်းလွန်းတဲ့လုပ်ရပ်နဲ့ ဇနီးသည်ကို ဘယ်လောက်ချစ်ကြောင်း သက်သေပြလိုက်တာပဲ ဆိုပြီး ချီးကျူ းပြောဆိုခဲ့ကြပါတယ် ။ ထို့အပြင် အချို့သောသူများက ဦးလေးကြီးကို မွေးနေ့ကိတ်လက်ဆောင်ပါ ပေးလိုက်ချင်ကြောင်း မျိုးစုံပြောဆိုခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*