မင်္ဂလာပွဲမတိုင်ခင် တရုတ်ပြည်ကိုအလည်သွားမိခဲ့လို့ Live လွင့်ပြီးတော့သာ မင်္ဂလာဆောင်ခဲ့ရတဲ့ စုံတွဲရဲ့အဖြစ်

ဖြစ်စဉ်ကတော့ အဆိုပါစုံတွဲနှစ်ယောက်လုံးဟာ စင်ကာပူနိုင်ငံသားများဖြစ်ကြပေမဲ့လည်း မင်္ဂလာပွဲမတိုင်ခင် နှစ်သစ်ကူးရုံးပိတ်ကာလမှာ သတို့သားရဲ့မိခင်ဖြစ်သူရဲ့ ဇာတိဖြစ်တဲ့ Hunan ပြည်နယ်သို့ အလည်သွားခဲ့ကြပါတယ် ။ ဝူဟန်မြို့ဟာ Hunan ပြည်နယ်ထဲမှာရှိပြီး တကယ့်ကိုရောဂါကူးစက်ပျံ့နှံ့နေတဲ့ အချိန်မျိုးနဲ့ကြုံတွေ့ခဲ့ရပါတယ် ။ ထို့ကြောင့်အဆိုပါစုံတွဲ နှင့် မိသားစုများဟာ ရောဂါကူးစက်ခံရမှာကြောက်လို့ ဟိုတယ်ခန်းထဲတွင်သာ 14 ရက်ခန့်နေထိုင် နေရလျက်ရှိပြီး ၎င်းတို့၏မင်္ဂလာပွဲကို live-stream လွင့်ပြီးတော့သာ ဧည့်ခံကျင်းပခဲ့ရပါတယ် ။

အဆိုပါစုံတွဲရဲ့ မိဘတွေကလည်း အတူ တရုတ်ပြည်သို့အလည်လိုက်သွားခဲ့ကြတဲ့အတွက် မင်္ဂလာပွဲတစ်ခုလုံးကို သတို့သားရဲ့ညီမဖြစ်သူတစ်ယောက်ကသာ စီစဉ်ပြီး ကျွေးမွေးဧည့်ခံပေးခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ပွဲလာဧည့်သည်များကလည်း ၎င်းတို့စုံတွဲကို စာနာနားလည်ပေးခဲ့ကြပြီး အားပေးထောက်ခံပေးခဲ့ကြပါတယ် ။

သတို့သမီးကတော့ ” မင်္ဂလာပွဲကို လာရောက်ပေးလို့ ကျေးဇူးတင်ပါတယ် ၊ ကျွန်မတို့ လူကိုယ်တိုင် မင်္ဂလာပွဲကို မတက်ရောက်နိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ် ၊ ဒါပေမဲ့ ဒီကနေ ဧည့်ပရိသတ်အကုန်လုံးတွေ့မြင်ခွင့်ရတဲ့အတွက် ကျွန်မတို့ပျော်ရွှင်နေပါတယ် ” ဆိုပြီး ဖြေကြားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*