ဇနီးသည်မသေဆုံးခင်က ပေခဲ့တဲ့ပေကြိုးခွေလေးကို ပြန်ကောက်ဖို့တံတားပေါ်ကနေ ခုန်ချခဲ့တဲ့ အမျိုးသား

တချို့သောအရာဝတ္ထု ပစ္စည်းလေးတွေက ကိုယ့်အတွက်တော့ ပုံမှန်ပဲ သုံးလို့မရတော့တဲ့အရာဝတ္ထုတွေဆိုပေမဲ့လည်း အခြားသူတစ်ယောက်အတွက်တော့အဆိုပါအရာဟာ အမှတ်တရတွေများစွာရှိခဲ့လို့ တော်တော်လေးကိုတန်ဖိုးဖြတ်လို့မရနိုင်တဲ့အရာတွေပါ ။ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက အသက်41နှစ်အရွယ် ပန်းပဲသမားဟာ ဇနီးသည်မသေဆုံးခင်က နောက်ဆုံးအနေနဲ့ပေးခဲ့တဲ့ ပေကြိုးခွေလေးကိုပြန်ကောက်ဖို့ ပင်လယ်ထဲကိုခုန်ချခဲ့ပါတယ် ။

ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသားဟာ ရွှံ့ဗွတ်တွေထူလွန်ပြီး ပင်လယ်ကိုဖြတ်ပြီးပြုလုပ်ထားတဲ့ တံတားအသစ်လေးအပေါ်မှာ အေးအေးလူလူလမ်းလျှောက်နေတုန်း ပေကြိုးခွေလေးကိုထုတ်ကြည့်ခဲ့ပုံရပါတယ် ။ထို့နောက် ပေကြိုးခွေလေးဟာ ၎င်းအမျိုးသားလက်ထဲကနေ ချော်ထွက်သွားခဲ့ပြီး ရွှံ့ထူလွန်းတဲ့ ရေထဲသို့ကျသွားခဲ့ပါတယ် ။

သာမှန်လူတစ်ယောက်သာဆိုရင်တော့ အဆိုပါတန်ဖိုးမကြီးတဲ့ပစ္စည်းကိုအဲ့အတိုင်းထားလိုက်ကြမှာပါ ။ ဒါပေမဲ့ ဒီအမျိုးသားကတော့ အဲ့လိုမဟုတ်ပါဘူး ။ဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေကို ဘားမှမစဉ်းစားနိုင်တော့ပဲ ရွှံ့ဗွတ်ထူလွန်းတဲ့ ရေထဲကိုခုန်ချပြီး ပေကြိုးခွေလေးကို ပြန်ရယူနိုင်ဖို့ကြိုးစားခဲ့ပါတယ် ။

သို့ပေမဲ့လည်း ရွှံ့ဗွတ်ဟာအတော်လေးကိုနက်ခဲ့တဲ့အတွက် တံတားပေါ်ပြန်မတက်နိုင်ခဲ့ဘဲ ရေထဲကနေအော်ဟစ်အကူအညီတောင်းခံခဲ့ရပါတယ် ။ကံကောင်းထောက်မစွာနဲ့ပဲ အခြားအမျိုးသားတစ်ဦးဟာလမ်းလျှောက်လာတုန်း ပန်းပဲဆရာရဲ့ ဦးထုပ်နဲ့ဖိနပ်ကျန်နေခဲ့တာကိုတွေ့ရှိပြီး တံတားအောက်သို့လှန်းကြည့်လိုက်ချိန်မှာတော့ ရေထဲကျနေတဲ့ပန်းပဲဆရာကိုတွေ့ရှိခဲ့လို့ တာဂန်ရှိသူများကိုလှန်းအကြောင်းကြားခဲ့ပါတယ် ။ဒေသခံအာဏာပိုင်များက လာရောက်ကယ်ဆယ်ပေးခဲ့ကြပြီး ကယ်တင်ချိန်မှာ မိနစ်40ခန့်ကြာမြင့်ခဲ့ပါတယ် ။

ပန်းပဲဆရာကို မေးမြန်းကြည့်ချိန်မှာတော့ အဆိုပါပေကြိုးခွေလေးဟာ သူ့အတွက်အတော်လေးအရေးကြီးကြောင်းနှင့် ဇနီးသည်ဖြစ်သူ ဝမ်းနည်းပူဆွေမှုတွေနဲ့မဆုံးပါးခင်အချိန်က အသုံးပြုဖို့ဆိုပြီးဝယ်ပေးခဲ့တဲ့အတွက် ဘယ်လောက်မြင့်ပြီး အန္တရာယ်ဘယ်လောက်များလဲဆိုတာ မစဉ်းစားနိုင်တော့ဘဲ ခုန်ချမိခဲ့ခြင်းဖြစ်ကြောင်း ဖြေဆိုခဲ့ပါတယ် ။

ဇနီးသည်ဖြစ်သူက ပေကြိုးခွေလေးကို ဂရုစိုက်ပေးဖို့ပြောခဲ့တဲ့အတွက် ဇနီးသည်မရှိတော့ပေမဲ့လည်းကတိတည်နိုင်အောင် ကြိုးစားချင်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ် ။ပန်းပဲဆရာကို အိမ်မပြန်ခင် စစ်ဆေးမှုများပြုလုပ်ပေးပြီး သန့်ရှင်းအောင်ဆေးကြောနိုင်ရန် ရေများပက်ဖြန်းပေးခဲ့ပါတယ် ။ ကံကောင်းထောက်မစွာနဲ့ပဲ ပန်းပဲဆရာဟာဒဏ်ရာကြီးကြီးမားမား ရရှိခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*