အဟောက်သန်တဲ့မိန်းမကြောင့် ၉၉၉ ကိုဖုန်းဆက်တိုင်ကြားခဲ့သူ

၉၉၉ ဆိုသည်မှာလည်းတစ်နေ့တစ်မျိုးကို အမျိုးနိုင်တဲ့ ဖုန်းမျိုးတွေနဲ့ပြဿနာတတ်နေတော့တာပါပဲ။ အရေးပေါ် ခေါ်ဆိုဖို့ နံပါတ်ဖြစ်တဲ့ ၉၉၉ ကို တစ်ချို့သူတွေဟာသူတို့ရဲ့သေရေးရှင်ရေးမဟုတ်တဲ့ လူမှုရေးပြဿနာတွေအတွက်ပါ ခေါ်ခေါ်ပြီးတိုင်ကြားလေ့ရှိတတ်ကြပါတယ်။

အခုလည်း အိမ်ထောင်သည်ယောင်္ကျားတစ်ယောက်ဟာသူ့အမျိုးသမီးရဲ့ ဟောက်တဲ့အသံကို မခံစားနိုင်တော့လို့တစ်ခုခုလုပ်ပေးပါဆိုပြီး ၉၉၉ ကိုဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ သူ့မိန်းမရဲ့ဟောက်သံ ဟာ မော်တော်ဆိုင်ကယ် အသံလို ကျယ်လောင်လွန်းပြီး နားမခံသာတော့တာကြောင့်သူအိပ်ရေးတွေပျက်ရကြောင်းပင်ပန်းနေတဲ့အချိန်တွေမှာဆိုပိုပြီးစိတ်ညစ်ရကြောင်းဒီလိုအကြောင်းတွေကြောင့် ဖုန်းဆက်ပြီး၉၉၉ကိုတိုင်ကြားခဲ့တာဖြစ်ပါတယ်။

၉၉၉ ကတာဝန်ရှိဖြေကြားပေးသူဝန်ထမ်းက ဒီလိုကိစ္စဟာ ၉၉၉ နဲ့မဆိုင်ပဲ ကျန်းမာရေးဆရာဝန်တွေနဲ့ဆွေးနွေးသင့်ကြောင်း ပြန်လည်ရှင်းပြခဲ့ပါတယ်။ တစ်ခါတစ်လေမှာလူတွေဟာ သေရေးရှင်ရေးတော့မဟုတ်ပင်မဲ့သူတို့စိတ်ထဲ အရမ်းကိုအပြင်းထန်ခံစားနေရတဲ့ကိစ္စတွေကို အားကိုးတကြီးနဲ့ ၉၉၉ ကိုလာလာရင်ဖွင့်တတ်ကြတာတော့ ရယ်ရမလိုငိုရမလိုနဲ့ ပါပဲ။

အပြစ်ပြောလို့လည်းမရသလို ပုံမှန်ကြည့်ရင်တော့သေရေးရှင်ရေးမဟုတ်ပင်မဲ့ တစ်ချို့သောသူတွေအတွက်ကတော့သူတို့ခံစားနေရတဲ့အရာတွေကသေရေးရှင်ရေးလိုပဲဖြစ်နေတတ်ကြတာကိုတော့ကိုယ်ချင်းစာမိပါတယ်…

 

Be the first to comment

Leave a Reply

Your email address will not be published.


*