ဒုက္ခရောက်နေတဲ့လုံခြုံရေးဝန်ထမ်းကို အချိန်မှီကယ်တင်ပေးခဲ့တဲ့ ခွေးလေးတွေရဲ့လုပ်ရပ်

ခွေးလေးတွေဟာ သစ္စာရှိလွန်ပြီး ၊ အခြားတိရစ္ဆာန်တွေထက် သိတတ်ကာ ဒုက္ခရောက်နေသူများကိုလည်း အချိန်မှီကယ်တင်ပေးတတ်တဲ့ သူတို့ရဲ့အပြုအမှုလုပ်ရပ်တွေကြောင့် ၎င်းတို့ကို လူတွေရဲ့အကောင်းဆုံးမိတ်ဆွေလို့ ခေါ်ဆိုကြတာပါ ။ ဒီတစ်ခေါက်မှာလည်း မနက်ခင်းအချိန်မှာ ကင်းလှည့်နေခဲ့တဲ့လုံခြုံရေးဝန်ထမ်းဟာ စက်ဘီးပေါ်ကနေ မတော်တဆပြုတ်ကျသွားခဲ့ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့လို့ ဒုက္ခရောက်နေချိန်မှာ နေအိမ်ခြံဝန်းထဲမှာရှိတဲ့ ခွေးလေးနှစ်ကောင်က အချိန်မှီကယ်တင်ပေးနိုင်ခဲ့တာပါ ။

ခွေးလေးတွေရဲ့ သခင်ရေးသားထားတာကတော့ ” သူတို့နှစ်ကောင်အတွက် ဂုဏ်ယူမိတယ်.. မနက် 8နာရီလောက်မှာ မနက်စာချက်နေတုန်း သူတို့နှစ်ကောင် ကျယ်လောင်စွာဟောင်နေတာကိုကြားခဲ့ရတယ်.. ဘာများဖြစ်တာလဲဆိုပြီး သွားကြည့်လိုက်တော့ လုံခြုံရေးဝန်ထမ်းက စက်ဘီးမှောက်ပြီး လဲကျနေခဲ့တာကို တွေ့လိုက်ရတယ် ” ဆိုပြီး ရေးသားထယားခဲ့ပါတယ် ။

ထို့ကြောင့် အိမ်နီးချင်းတွေက အရေးပေါ်လူနာတင်ကား အလျင်အမြန်ခေါ်ပေးခဲ့ကြပါတယ် ။ အိမ်နီးချင်းတွေကလည်း သိတတ်နားလည်လွန်းလှတဲ့ ခွေးလေးတွေရဲ့လုပ်ရပ်တွေကြောင့် အတော်လေးချီးကျူ းခဲ့ကြပါတယ် ။

“ခွေးလေးတွေက ကျယ်လောင်စွာ မဟောင်ခဲ့ကြဘူးဆိုရင် ဘယ်သူကမှ သိကြမှာမဟုတ်ဘူး.. သူတို့လေးတွေဟာ လူတွေထက်ပိုပြီး သတိရှိကြပါတယ်..သူတို့က လူတွေရဲ့အသက်ကို ချက်ချင်းကယ်တင်ပေးနိုင်ခဲ့ကြတဲ့ သူတွေပါပဲ ” ဆိုပြီး သခင်ဖြစ်သူက ခွေးလေးတွေရဲ့လုပ်ရပ်ကို ချီးကျူ းခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*