ဆုံးပါးသွားသလို ဟန်ဆောင်ပြီး ဆွေမျိုး ၊ မိတ်ဆွေ ဆီကနေပိုက်ဆံလိမ်တောင်းခဲ့လို့ အဆုံးသတ်မလှခဲ့တဲ့ အမျိုးသားရဲ့အဖြစ်

ဆုံးပါး ၊ ကွယ်လွန် တဲ့ကိစ္စဟာ အမှန်တကယ်တော့ စနှောက်လိမ်ညာသင့်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး ။ အထူးသဖြင့် ကိုယ့်ကိုချစ်မြတ်နိုးကြတဲ့ အသိုင်းအဝိုင်းတွေဆီကပေါ့ ။ သို့ပေမဲ့လည်း အချို့သောသူတွေက ပိုက်ဆံရဖို့ကိုသာမြင်ပြီး နည်းမျိုးစုံနဲ့ လိမ်လည်တတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက

Tachwit J အမည်ရှိတဲ့ အမျိုးသားဟာ သူ၏မိတ်ဆွေ ၊ ဆွေမျိုးတွေဆီကနေ နာရေးကူညီတဲ့ ငွေကြေးတွေရချင်လို့ဆိုပြီး လိမ်ညာကာ ဆုံးပါးသွားသလို ဟန်ဆောင်ခဲ့ပါတယ် ။ အဆိုပါ အဖြစ်အပျက်ဟာ Tachawit J ရဲ့ဇနီးဖြစ်သူဟာ Tachawit J ၏ နှာခေါင်းထဲမှာ ဝါဂွမ်းတွေနဲ့ အပိတ်လိုက်ဖြင့် လဲလှောင်သေဆုံးနေတဲ့ ဓာတ်ပုံကို Facebook ပေါ်မှာ ကြေညာခဲ့ရင်ကနေ အစပြုခဲ့တာဖြစ်ပါတယ် ။

ထို့နောက် ဓာတ်ပုံကိုမြင်တော့ မိဘတွေ ၊ ဆွေမျိုးမိတ်ဆွေတွေက အံ့သြထိတ်လန့်သွားကြပြီး မည်သည့်အကြောင်းကြောင့် သေဆုံးသွားရတာလည်း ဆိုပြီးမေးမြန်းခဲ့ချိန်မှာတော့ ဇနီးဖြစ်သူက ကင်ဆာရောဂါအချိန်အတော်ကြာခံစားရပြီးမှ သေဆုံးသွားခဲ့ရတာဖြစ်ကြောင်းဖြေကြားခဲ့ပါတယ် ။ ထို့အပြင် သူမဟာ Tachawit J ရဲ့မိခင်ကို ချက်ချင်းဆက်သွယ်ပြီး အသုဘစရိတ်အတွက် ငွေပို့လာပေးဖို့တောင်းဆိုခဲ့ပါတယ် ။ သားဖြစ်သူ သေဆုံးသွားခဲ့လို့ ကြေကွဲဝမ်းနည်းနေကြတဲ့ မိသားစုတွေက အခေါင်းဝယ်ဖို့ နဲ့ ဇာတိမြေကိုပြန်လာဖို့ ငွေကြေးများပေးပို့ခဲ့ပါတယ် ။ ထို့အပြင် နောက်တစ်ရက်မှာတော့ သားဖြစ်သူရဲ့အလောင်း ရောက်လာမှာဆိုပြီးတော့ မိသားစုဝင်တွေက အသုဘပွဲကို ဝမ်းနည်းပူဆွေးစွာနဲ့ပြင်ဆင်ခဲ့ကြပါတယ် ။

နောက်တစ်ရက်မှာတော့ အလောင်းက ရောက်မလာတဲ့အပြင် ၊ Tachawit J ရဲ့ ဇနီးလည်း မရောက်လာလို့ ဝမ်းကွဲအစ်မတစ်ဦးက ဖုန်းဆက်ကြည့်ချိန်မှာတော့ Tachawit J ကိုယ်တိုင် ဖုန်ဖြေကြားခဲ့ပြီးနောက် မကြာခင်မှာပဲ ဖုန်းပြန်ချသွားခဲ့တဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ပါတော့တယ် ။ Tachawit တို့ဇနီးမောင်နှံလိမ်ညာခဲ့မှန် မိသားစုဆွေမျိုးအသိုင်းအဝိုင်းတွေအကုန်သိရှိခဲ့ချိန်မှာတော့ မိခင်ဖြစ်သူက ” သားဖြစ်သူက. ဘယ်လို လိမ်ညာခဲ့ပါစေ သူမအပြစ်မမြင်ကြောင်း သို့ပေမဲ့ ၎င်းတို့လင်မယားကိုတော့ အဆက်အသွယ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ” သတင်းမီဒီယာ သမားများကိုဖြေကြားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*