နှစ်(၂၀) ကြာ နိုင်ငံရပ်ခြားမှာ သန့်ရှင်းရေးလုပ်ခဲ့ရတဲ့မိခင်အတွက် သားဖြစ်သူရဲ့ အံ့အားသင့်ဖွယ်ခရီးစဉ်

ဟောင်ကောင်မှာ နှစ်(၂ဝ)ကြာ သန့်ရှင်းရေးအဖြစ်အလုပ်လုပ်ခဲ့တဲ့ ဖိလစ်ပိုင်အမေကို မကြာသေးမီကပဲ ပိတ်ရက်မှာသားဖြစ်သူက အာရှတစ်ခွင်ကိုလိုက်ပို့ပေးခဲ့ပါတယ်။

Hans Alcanzare က သူ့ရဲ့ (၆၁)နှစ်မိခင် Teresita Alcanzare ကိုမိသားစုနဲ့ခွဲခွာပြီး နယ်ဝေးရပ်ဝေးမှာ ခက်ခဲစွာလုပ်ကိုင်ခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ နိုင်ငံ(၇)နိုင်ငံကို ပို့ဆောင်ပေးခဲ့ပါတယ်။ သူတို့တင်ခဲ့တဲ့ ဖေ့စ်ဘုတ်ပို့စ်အရ သန့်ရှင်းအလုပ်ကနေ အနားယူလိုက်တဲ့အမေကို ကျေးဇူးတင်ကြောင်း သားဖြစ်သူက ရေးထားခဲ့ပါတယ်။


”အမေ..အခု အိမ်ကိုပြန်ဖို့အချိန်ကျပြီ။ ကျွန်တော်၆နှစ်သားလေးတည်းက ကျွန်တော်တို့ကိုကောင်းကောင်းမွန်မွန်ထားနိုင်ဖို့ အမေထွက်သွားတာကို ကျွန်တော်ခုထိမြင်ယောင်နေသေးတယ်။ နှစ်( ၂၀)ကြာတဲ့အထိ အလုပ်လုပ်ပြီးဆိုတော့ ကျွန်တော်တို့အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ပဲလိုတော့တယ်။ အမေ ကျွန်တော်တို့ကိုမစွန့်ပစ်သွားတာ ကျွန်တော်တို့အရမ်းကံကောင်းတယ် ။ အိမ်ကိုမပြန်သေးခင် ကျွန်တော်တို့ ခရီးစဉ်တွေကို ပျော်ပျော်ကြီးသွားရအောင်”လို့ Hans Alcanzare ကရေးထားပါတယ်။

သူနဲ့ အမေဖြစ်သူ ဟောင်ကောင်လေဆိပ်မှာရပ်ပြီးရိုက်ထားတဲ့ပုံက မထင်မှတ်ဘဲ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားကာ ဖိလစ်ပိုင်အင်တာနက်သုံးစွဲသူတွေအကြား နာမည်ကြီးသွားခဲ့ရတယ်။ Alcanzareနဲ့ သူ့အမေဟာ စင်ကာပူအပြင် ထိုင်း၊အင်ဒိုနီးရှား၊ ဗီယမ်နမ်၊ ထိုင်ဝမ် ၊မလေးရှားနဲ့ Macau တို့ကိုအလည်ပတ်သွားခဲ့ပါတယ်။

”အမေ့အပြုံးကိုမြင်ရတာ အပျော်ဆုံးပါပဲ။ ဒီလိုခရီးသွားဖို့ အိပ်မက်ထားခဲ့တာ နှစ်၂၀ရှိသွားပါပြီ။ နောက်ဆုံးတော့ သွားနိုင်ခဲ့ပြီ ”

သားသမီးတွေအားလုံး ကောလိပ်အသီးသီးတက်..ဘွဲ့ရပြီးလို့ အလုပ်ကိုင်တွေနဲ့အဆင်ပြေတဲ့အထိ ခက်ခက်ခဲခဲလုပ်ကိုင်ပြီး ထောက်ပံ့ပေးခဲ့တဲ့အတွက် အမေဖြစ်သူကို ပြောမပြနိုင်လောက်အောင်ကျေးဇူးတင်ကြောင်း Alcanzareက ပြောထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*