
နေလောင်ခံကရင်မ်ကိုမျက်နှာတစ်ခုတည်းအတွက်မသုံးပါနဲ့။
နေလောင်ခံကရင်မ်ကမျက်နှာတစ်ခုတည်းအတွက်သုံးလို့ရတာမဟုတ်ပါဘူး။ခန္ဓာကိုယ်အတွက်ပါသုံးရမှာပါ။အဲ့ဒါကြောင့်မျက်နှာတစ်ခုတည်းတင်မက အပြင်ထွက်ရင် ခန္ဓာကိုယ်ကိုပါ လိမ်းပေးဖို့လိုပါတယ်။
ခြေထောက်ချိတ်ပြီးမထိုင်ပါနဲ့။
ဘယ်နေရာကိုပဲသွားသွားခြေထောက်ချိတ်ပြီးမထိုင်ပါနဲ့။ခြေထောက်ချိတ်ထိုင်တာဟာကောင်းတဲ့အကျင့်တစ်ခုမဟုတ်သလို သင့်ခြေထောက်ရဲ့သွေးလည်ပတ်မှုကိုအနှောင့်အယှက်ဖြစ်စေပါတယ်။
ဆံပင်တွေရေစိုနေတုန်းခေါင်းမဖြီးပါနဲ့။
ခေါင်းလျှော်ပြီးစအချိန်မှာခေါင်းဘီးနဲ့လုံးဝမဖြီးပါနဲ့။ဆံပင်တွေခြောက်သွားအောင်သုတ်ပါ။ရေစိုနေတုန်းခေါင်းဖြီးတာက ဆံပင်သန်စွမ်းမှုကို အားနည်းစေပါတယ်။
အပြင်သွားတဲ့အခါအိတ်ထဲမှာပစ္စည်းတွေအများကြီးမထည့်ပါနဲ့။
အရေးကြီးတဲ့ပစ္စည်းတွေနဲ့မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းကိုသာအိတ်ထဲထည့်ထားပါ။ပစ္စည်းတွေအများကြီးထည့်ထားတဲ့အခါ ပေါ့ပေါးပါးပါးမရှိတဲ့အပြင် အရမ်းများရင်ပုခုံးကိုပါထိခိုက်နာကျင်စေပါတယ်။
မိတ်ကပ်လိမ်းရင်အထူကြီးမလိမ်းပါနဲ့။
မိတ်ကပ်အထူကြီးလိမ်းတာကဆွဲဆောင်မှုလည်းမရှိသလို ပူအိုက်တဲ့အခါမှာလည်း ချွေးထွက်ပြီး အရုပ်ဆိုးစေပါတယ်။
မျက်နှာကိုခဏခဏကိုင်နေတာကိုရှောင်ပါ။
တစ်ခါတစ်လေသတိမထားမိပဲမျက်နှာကိုပွတ်တာ၊ကိုင်မိတာမျိုးဖြစ်တတ်ပါတယ်။မျက်နှာပေါ်မှာဝက်ခြံတွေရှိနေတဲ့အခါပိုပြီးသတိထားသင့်ပါတယ်။မျက်နှာကိုလက်နဲ့ခဏခဏထိတာက ရောဂါပိုးမွှားတွေကပ်ကျန်ရစ်စေနိုင်ပါတယ်။
ဆံပင်တွေအတွက်အပူပေးကိရိယာတွေမသုံးပါနဲ့။
အပူပေးကိရိယာတွေကဆံပင်သားတွေပျက်စီးစေပြီးဆံပင်မှာရှိတဲ့အဆီတွေကိုခန်းခြောက်စေပါတယ်။အဲ့ဒါကြောင့် အပူပေးကိရိယာတွေနဲ့ဆံပင်လုပ်တာကိုရှောင်တာအကောင်းဆုံးပါ။
နွားနို့နေ့တိုင်းသောက်လေ့ရှိရင်ဒီနေ့ကစပြီးဖြတ်လိုက်ပါ။
နွားနို့ဟာသင့်ခန္ဓာကိုယ်အရေပြားအဆီပြန်တာကိုပိုပြီးဖြစ်စေပါတယ်။အရေပြားအဆီပြန်တာဟာမကောင်းတဲ့အတွက်ကြောင့် နွားနို့သောက်တာကိုရှောင်ပါ။
Leave a Reply