ကာတာနိုင်ငံကကောင်လေးနဲ့ ဖိလစ်နိုင်ငံကကောင်မလေးတို့ရဲ့ ထူးဆန်းတဲ့အွန်လိုင်းဖူးစာ

ကာတာမှာ အလုပ်လုပ်နေတဲ့ Gerome ဟာ ဖိလစ်ပိုင်နိုင်ငံသူ အချောလေး Kamil နဲ့ လူမှုကွန်ယက်မှာ ချစ်သူဖြစ်နေတာ နှစ်အတန်ကြာပြီလို့ Viral က ဆိုပါတယ်။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အပြင်မှာ လုံးဝမတွေ့ဖူးပေမယ့် ချစ်သူသက်တမ်းကို ကြာရှည်အောင် ထိန်းသိမ်းဖို့ ကြိုးစားခဲ့ကြပါတယ်။


တကယ်တော့ ဒီလို LDR လို့ခေါ်တဲ့ Long Distance Relationship ဆိုတာ ကြာရှည်ထိန်းသိမ်းဖို့ မလွယ်ပါဘူး။ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် မတွေ့ကြဖူးတဲ့ သူတွေဆို ပိုလို့တောင် အချစ်ရေးထိန်းသိမ်းဖို့ ခက်ခဲ့ပါတယ်။ ဒါပေမယ့် Gerome နဲ့ Kamil ကတော့ ရေရှည်ထိန်းသိမ်းနိုင်ခဲ့ကြပါတယ်။
နောက်ဆုံးမှာတော့ Gerome ဟာ ဖုန်းခေါ်ဆိုမှုတွေ၊ မက်ဆေ့တွေလောက်နဲ့ သူတို့နှစ်ဦးရဲအချစ်ကို ဖော်ပြဖို့ မလုံလောက်တော့ဘူးဆိုတာ သဘောပေါက်ခဲ့ပါတယ်။ ဒါကြောင့် ချစ်သူ Kamil ကိုလည်း Surprise လုပ်ရင်းနဲ့ ဖိလစ်ပိုင်ကိုလည်း အလည်တစ်ခေါက် သွားရင်းဆိုတဲ့ စိတ်ကူးနဲ့ ခရီးစဉ်တစ်ခုကို စီစဉ်ခဲ့ပါတယ်။


ဒါကို Kamil ကတော့ မသိရှာပါဘူး။ သူမရဲ့ မိဘတွေကို Gerome က သူ လာမည့်အကြောင်း၊ ဒီကိစ္စ ချစ်သူကို မပြောဖို့နဲ့ လေဆိပ်မှာ ဧည့်သည်တစ်ယောက် လာမှာမို့ သွားကြိုရအောင်ဆိုပြီး မလိမ့်တစ်ပတ်နဲ့ ခေါ်ခဲ့ဖို့ကြောင်း လျှို့ဝှက်စီစဉ်ခဲ့ပါတယ်။ အစီအစဉ်အတိုင်း ဗွီဒီယိုတွေ ဘာတွေ လျှို့ဝှက်မှတ်တမ်းတင်ပြီး၊ သူတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုကို မှတ်တမ်းတင်ခဲ့ပါတယ်။


Kamil ကလည်း ဧည့်သည်လာမယ်ဆိုလို့ မိသားစုနဲ့အတူ စောင့်နေပေမယ့် အတော်နဲ့ပေါ်မလာလို့ စိတ်ချဉ်ပေါက်နေပုံပါဘဲ။ ဒါပေမယ့် အိတ်တွေ အထုတ်အပိုးတွေနဲ့ ကာတာကနေ တကူးတကလာတဲ့ ဧည့်သည်တစ်ယောက်ကိုတော့ သူမ မမျှော်လင့်ပဲ တွေ့လိုက်ရပါတယ်။ ဒီလူဟာ သူမရဲ့ ချစ်သူ Gerome ဆိုတာ ချက်ချင်း ရိပ်မိပြီး၊ ရှက်သွေးတွေ ဖြန်းသွားပါတယ်။

ဒီလိုနဲ့ သူတို့ရဲ့ ပျော်စရာကောင်းတဲ့ အခိုက်အတန့်လေးဟာ အများကိုလည်း ကြည်နှုးစေမှာပါ။ Gerome က ဖိလစ်ပိုင်ကို ရက်အနည်းငယ်သာနေပြီး၊ ကာတာကို ပြန်ရဦးမှာပါ။ ဒါပေမယ့် Kamil ရဲ့ မိဘတွေရဲ့အိမ်ကတော့ သူ့အတွက် မိသားစုဝင်တွေရဲ့ အိမ်တစ်အိမ်လို နွေးထွေးမှုတွေ အပြည့်ရခဲ့ပါတယ်။ မကြာမီမှာ သူတို့ လက်ထပ်ပြီး၊ ဖိလစ်ပိုင်မှာ အခြေတကျ နေသွားဖို့ မျှော်လင့်နေကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*