မုန်တိုင်းကြောင့် ရေတွေကြီးနေပေမယ့်လည်း ဘုရားကျောင်းမှာရအောင် မင်္ဂလာဆောင်ခဲ့တဲ့ စုံတွဲ

ဖိလစ်ပိုင်နိုင်ငံက ဘုရားကျောင်းတစ်ခုမှာ ရေတွေကြီးနေပေမယ့်လည်း အပြုံးမပျက်ပဲ မင်္ဂလာဆောင်ခဲ့တဲ့စုံတွဲတစ်တွဲ ဖေ့စ်ဘုတ်ပေါ်မှာတော့ အတော်လေးဟော့နေပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က Bulacan ဒေသရှိ Hagonoy မြို့မှာ ဒီမင်္ဂလာပွဲလေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။

သူတို့စုံတွဲလေးဟာ တွဲလာတာ ၇နှစ်ကြာပြီဖြစ်ပြီး မင်္ဂလာဆောင်မယ့်နေ့မှာ မုန်တိုင်းကြောင့် မိုးတွေက အဆက်မပြတ်ရွာသွန်းနေခဲ့တယ်။ Bualacan ဒေသတော်တော်များများရှိ နေရာတွေရေဖုံးလွှမ်းသွားခဲ့ပြီး ၂၄နှစ် သတိ့ုသမီးက ရေတွေကြီးနေလည်း ရအောင်ဆောင်မယ်လို့ ဆိုကာ အဖြူရောင်ဂါဝန်ကို မ ၊ မျက်နှာက ပြုံးပျော်ရွှင်ရင်း ဘုရားကျောင်းထဲသို့ ဝင်လာခဲ့ပါတယ်။

” မိုးရွာရွာ ၊ ရေကြီးကြီး ကျွန်မကို ဘယ်အရာမှ တားဆီးလို့မရပါဘူး။ ဘဝမှာ တစ်ကြိမ်တစ်ခါပဲ လက်ထပ်ရတာ။ ကျွန်မချစ်တဲ့ ယောကျ်ားကို ဒီနေ့တစ်ရက်ပဲ လက်ထပ်ရမှာပါ။ ရေတွေကြောင့် ကျွန်မဂါဝန်ကြီး လေးပြီး လမ်းလျှောက်ရခက်ပေမယ့် အရမ်းပျော်တယ် ” လို့ သူမက ပြောခဲ့ပါတယ်။

သူတို့မင်္ဂလာဆောင်မယ့်နေ့မှာ ရာသီဥတုဆိုးရွားလိမ့်မယ်လို့ မထင်ထားပေမယ့် တကယ်တမ်း အခက်ခဲကြုံလာတော့လည်း မင်္ဂလာပွဲကို ဆက်ပြီကျင်းပခဲ့ပါတယ်။ အောင်မြင်စွာပြီးဆုံးသွားတဲ့အတွက် ဝမ်းသာတယ်။ လုံးဝလည်း နောင်တမရဘူးလို့ ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*