ဖိနပ်ခိုးဖို့ကြိုးစားနေတဲ့မိန်းမလှလေးတွေရဲ. ရုပ်နဲ.တောင် မတန်တဲ့ လုပ်ရပ် (ရုပ်သံ)

တိုက်ခန်းတွေမှာ နေထိုင်လျက်ရှိတဲ့လူအများစုဟာ သူတို့ရဲ့ဖိနပ်တွေကို မသန့်ရှင်းလို့ ၊ အနံ့ဆိုးလို့ဆိုပြီး အပြင်ဖက်မှာထားလေ့ရှိပါတယ် ။Video မှာပြထားတဲ့ စင်ကာပူနိုင်ငံက မိန်းမလှလေးနှစ်ယောက်ဟာလည်း တိုက်ခန်းအပြင်ဖက်မှာရှိတဲ့ ဖိနပ်စင်ရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး ဖိနပ်ခိုးဖို့ရွေးနေကြပါတယ် ။

ထိုအချိန်မှာ အိမ်ထဲက (သို့) အပြင်ဖက်စင်္ကလြမ်းက အသံကြားပြီး ရုတ်တရက် ထွက်ပြေးသွားခဲ့ပါတယ် ။

ဒါပေမဲ့ ၊ ဒုတိယvideo မှာတော့ မိန်းကလေးတစ်ယောက်ဟာ နောက်တစ်ခေါက်ပြန်လာပြီး ၊ ပတ်ပတ်လည်လှည့်ကြည့်ရင်း သူတို့ကိုစောင့်ကြည့်နေတဲ့ CCTV ကိုတွေ့သွားခဲ့ပါတယ် ။ ထို့နောက်သူမရဲ့မျက်နှာကို လက်နဲ့ကာပြီး ပြန်လှည့်ထွက်သွားခဲ့ပါတယ် ။

အိမ်ပိုင်ရှင်အမျိုးသမီးကတော့ ‘ ဒီ video ဟာစနေနေ့ညက ဖြစ်ပျက်ခဲ့တာပါ ၊ သတ္တိရှိတဲ့ဒီမိန်းကလေးငယ်လေးနှစ်ယောက်က အရှက်မရှိ ဖိနပ်တွေရွေးနေကြတာပါ ၊ သူတို့ရဲ့ အကျဉ်ထောင်ထဲကိုသွားမယ့်စင်ဒရဲလားခရီးစဉ်အတွက် ညှပ်ဖိနပ်ကိုကြိုက်လောက်တယ် ၊

အေးအေးဆေးဆေးရွေးကြပါ ၊ ဒီစာသားလေကို ဖြန့်ပေးကြပါအုံး ‘ ဆိုပြီးသူမရဲ့ Facebook account မှာ video လေးကိုတင်ခဲ့တာပါ ။

Be the first to comment

Leave a Reply

Your email address will not be published.


*