ချစ်သူကလမ်းမခွဲအောင် ကိုယ်ဝန်ရှိသလိုဟန်ဆောင်ပြီး မြေးအရင်းကိုခိုးယူခဲ့တဲ့ 55နှစ်အရွယ် အမျိုးသမီး

တရုတ်နိုင်ငံမှ 55နှစ်အရွယ်အမျိုးသမီးဟာ သူမ၏ချစ်သူနှင့် လမ်းမခွဲရအောင်ဆိုပြီး ကိုယ်ဝန်ရှိသလိုဟန်ဆောင်ခဲ့ပြီး သူမ၏မြေးအရင်ကိုခိုးယူခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ Zeng အမည်ရှိတဲ့အဆိုပါအမျိုးသမီးဟာ အရင်ကတော့ အိမ်ထောင်ကျခဲ့ဖူးသူတစ်ဦးပါ ။ သို့ပေမဲ့လည်း သူမ၏ချစ်သူဟာ သူနဲ့ကလေးရခဲ့ရင် သူမနှင့်အတူတူနေပေးမယ်ဆိုပြီး ကတိပေးထားခဲ့ပါတယ် ။

အဲ့ကတည်းကစပြီး သူမဟာကိုယ်ဝန်ရရန်အတွက် အမြဲမျှော်လင့်နေခဲ့ပါတယ် ။ သူမဟာကိုယ်ဝန်ရရန် ကာလကြာရှည်စွာစောင့်မျှော်ခဲ့ရပြီး တစ်ရက်မှာတော့သူမဟာ ချစ်သူနှင့်ရတဲ့ကိုယ်ဝန်ရှိလာခဲ့ပါတယ် ။သို့ပေမဲ့လည်း သူမဟာအသက်အရွယ်ကြီးရင့်နေပြီး မတော်တဆပြုတ်ကျခဲ့တဲ့အတွက် ကိုယ်ဝန်ပျက်ကြသွားခဲ့ရပါတယ် ။သူမချစ်သူဟာ သူမအပေါ်စိတ်ပြောင်းလဲသွားမှာဆိုးခဲ့တဲ့အတွက် အမှန်တရားကိုမပြောပြရဲခဲ့ပါဘူး ။၎င်းအစား သူမဟာ အင်္ကျီထဲခေါင်းအုံးတွေ အဝတ်တွေထည့်ပြီး ကိုယ်ဝန်ရှိနေသလိုရိုက်ထားတဲ့ဓာတ်ပုံများကို ချစ်သူဆီသို့ အမြဲပို့ပေးခဲ့ပါတယ် ။

သူမဟာကိုယ်ဝန်ရှိနေသလို ဟန်ဆောင်နေခဲ့ပြီး ကလေးမွေးဖွားမည့်အချိန်ထိအစီအစဉ်တွေ အကုန်လုံးရေးဆွဲထားခဲ့ပါတယ် ။ကလေးမွေးဖွားမည့်နေ့ နီးကပ်လာတဲ့အချိန်မှာတော့ သူမ၏မြေးအရင်းကိုခိုးယူခဲ့ပြီး သူမ၏ကလေးလိုဟန်ဆောင်စေခဲ့ပါတယ် ။ သူမ၏ခင်ပွန်းဟောင်းဖြစ်သူ ပြောကြားချက်အရ မိသားစုတွေအကုန်လုံးဟာ မြေးငယ်လေးကဲ့ full moon party လေးကိုရောက်ရှိနေခဲ့ကြပြီး ၊ ရုတ်တရက် Zeng ဟာမြေးလေးကိုချီပြီး ပျောက်ကွယ်သွားခဲ့ပါတယ် ။ဖုန်းဖြင့်ဆက်သွယ်ခဲ့ပေမဲ့လည်း Zeng ဟာဖုန်းမကိုင်ခဲ့တဲ့အတွက် ခင်ပွန်းဟောင်းက Zeng ဟာမြေးငယ်လေးကို ခိုးယူသွားကြောင်း သံသယဖြစ်ပြီး ရဲဌာနသို့တိုင်ကြားခဲ့ခြင်းဖြစ်ပါတယ် ။

3ရက်ကြာပြီးနောက်မှာတော့ တိုက်ခန်းတစ်ခုမှာ Zeng ဟာ ကလေးငယ်နှင့်အတူရှိနေတာကို ရဲအရာရှိများက တွေ့ရှိသွားခဲ့ပါတယ် ။ သူမ၏ချစ်သူအတွက် ယခုကဲ့သို့ပြစ်မှုကျူ းလွန်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ် ။ သို့ပေမဲ့လည်း ရဲအရာရှိများကို သူမကိုဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*