တောင်ကိုရီးယား မိဘတွေဟာ ဘာကြောင့် သားသမီးတွေကို ဘွဲ့ရရင် မျက်နှာခွဲစိတ်ပြုပြင်ပေးကြတာလည်း ?

ရည်ရွယ်ချက်ကောင်းပြီး စိတ်ဝင်စားစရာပါပဲယနေ့ခေတ်မှာတော့ မိဘတွေဟာ သားသမီးတွေကို အထိမ်းအမှတ် လက်ဆောင်ပေးကြတာ မဆန်းလှပါဘူး ။ ဒါပေမယ့်လည်း ခေတ်သစ်ကြီးမှာ တောင်ကိုရီးယား မိဘတွေဟာ သူတို့သားသမီးတွေကို ဘွဲ့ရတဲ့အခါ လက်ဆောင်အဖြစ် မျက်နှာခွဲစိတ်ပြုပြင်ပေးတယ် ဆိုတာကတော့ နည်းနည်းထူးခြားနေပါတယ်။ ဘာကြောင့်လည်း ?

တောင်ကိုရီးယားမိဘတွေဟာ သူတို့သားသမီးတွေကို အထက်တန်းအောင်လို့ တက္ကသိုလ်စတက်ပြီ ဆိုကတည်းက အနာဂတ်အတွက် ရည်ရွယ်ချက်တွေ ထားရှိလိုက်ပြီ ဖြစ်ပါတယ်။ စစ်တမ်းတွေအရ တောင်ကိုရီးယားနိုင်ငံဟာ ဘရာဇီးနဲ့ အမေရိကန်နိုင်ငံတို့ထက်တောင် မျက်နှာခွဲစိတ်ပြုပြင်မှုနှုန်း များတဲ့ နိုင်ငံ ဖြစ်ပါတယ်။

စစ်တမ်းတွေအရ မိဘတွေဟာ များသောအားဖြင့် blepharoplasty လို့ ခေါ်တဲ့ မျက်ခွံပြုပြင်မှုကို အများဆုံး ပြုလုပ်ပေးရတယ်လို့ သိရပါတယ်။ ဆိုးလ်မြို.က ခွဲစိတ်ဆရာဝန်တစ်ဦးက ကိုရီးယားအများစုဟာ မျက်လုံးမလှကြတာမို့ ဒီခွဲစိတ်ပြုပြင်မှုဟာ အထူးရေပန်းစားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အာရှသားအများစုဟာ မျက်နှာမှာ မျက်လုံးတဝိုက်ဟာ အရေးကြီးဆုံးလို့ ခံယူထားကြတာမို့ ဒီလိုပြုပြင်ကြတာလို့ သိရပါတယ်။


ကိုရီးယားမှာ ဆိုရင်လည်းပဲ လှပတဲ့ မျက်နှာဟာ အလုပ်အကိုင်ကောင်းကောင်း ရဖို့ အရေးကြီးတဲ့ လက်နက်လို့ ခံယူထားတာမို့ ခွဲစိတ်ပြုပြင်မှုဟာ အရေးကြီးလာနေတာပါ ။ ဟိုတုန်းကတော့ ဒါဟာ ရေပေါ်ဆီ လူတန်းစားအတွက်သာ ဖြစ်ပေမယ့် ယနေ့ခေတ်မှာတော့ လူတိုင်း မဖြစ်မနေ လိုအပ်တဲ့ အရာတစ်ခု ဖြစ်လာနေပါပြီ။

Be the first to comment

Leave a Reply

Your email address will not be published.


*