အရပ်(၆)ပေ မကျော်လျှင်၊ ရည်းစား အဖြစ် လက်ခံမခံဘူးလို့ ပြောလိုက်တဲ့ မော်ဒယ်

အင်္ဂလန်မော်ဒယ်တစ်ဦးကတော့ သူမရဲ့ အနာဂတ် ရည်းစားလောင်းကို အရပ်အနိမ့်အမြင့်အပေါ် အခြေခံ စဉ်းစားသွားမယ်လို့ ပြောပါတယ်။ သူမကိုယ်တိုင်က အရပ်ရည်လွန်းလို့လည်း အခုအချိန်ထိ ရည်းစားမရသေးဘဲ၊ ဒီဖြစ်ရပ်အပေါ် အဆောတလျှင် စီစဉ်မသွားပါဘူးတဲ့။

အဆိုပါ မော်ဒယ်ရဲ့အမည်ကတော့ Jade Slavin ဖြစ်ပြီး၊ သူမရဲ့အရပ်ဟာ (၆)ပေ (၄)လက်မ ဖြစ်ပါတယ်။ သူမကိုယ်တိုင်က အရပ်ကြီး ကလန်ကလားဖြစ်နေလို့ အများရဲ့ နောက်ပြောင်စနောက်ခြင်း ခံနေရပေမယ့်၊ ဒီလို အရပ်အမောင်းမျိုးကို ပိုင်ဆိုင်တာကို သဘောကျတယ်လို့ ပြောပါတယ်။

သူမဟာ အရပ်ရှည်လို့ ချစ်သူ မရတာမဟုတ်ဘဲ၊ ယောက်ျားတော်တော်များများက သူမထက် အရပ်ပုနေလို့သာ အခုအချိန်ထိ တစ်ကိုယ်တည်းအပျိုကြီး ဖြစ်နေခြင်းပါလို့ ဆိုပါတယ်။ သူမထက် အရပ်အမောင်းမြင့်ပြီး၊ ရုပ်ရည်ကလည်း သဘောကျလောက်စရာဆိုရင် သူမအနေနဲ့ လက်ခံဖို့ ရှိပါတယ်တယ်တဲ့။

Jade ဟာ လက်ရှိအချိန်မှာ အသက် (၂၆)နှစ် ဖြစ်ပြီး၊ မကြာမီမှာ သူမရဲ့ လက်တွဲဖော်အစစ်ကို ရှာဖွေတွေ့ရှိနိုင်တယ်လို့ ယူဆနေပါတယ်။ တကယ်တော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သူမရဲ့ မဟာအရပ်အမောင်းကြီးကြောင့် သူမကိုယ် သူမ မုန်းမိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကိုယ့်မှာရှိတဲ့ အလှတရားနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ကိုယ်မဟုတ်ဘဲ တစ်ခြားဘယ်သူက ကိုယ့်လောက်တန်ဖိုးထားနိုင်မှာလဲလို့ တွေးမိပြီး၊ မိမိမှာ ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးအလှတရားတွေကို တန်ဖိုးထားမိလာကြောင်း Jade က ပြောပါတယ်။ သူမဟာ County Durham မှာ နေထိုင်ပါတယ်။

ယခင်က သူမဟာ ဗြိတိန်ကိုယ်စားပြုအားကစားအဖွဲ့နဲ့အတူ ရွှေတံဆိပ်စွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး သူမဟာ တိုက်ကွမ်ဒိုမှာလည်း ထူးချွန်သူတစ်ဦးပါ။ ဂလက်စကိုမှာ ကျင်းပတဲ့ Commonwealth Championships မှာ ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး၊ကမ္ဘာ့ချန်ပီယံရှစ်နှစ်ကြိမ်နဲ့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတွေ ဝင်နွှဲခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာ ဖက်ရှင်မော်ဒယ်အဖြစ်လည်း ရပ်တည်နေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*