ဒယ်အိုး အောက်ခြေမှာ တက်နေတဲ့အိုးမဲတွေ ဘယ်လိုသန့်စင်မလဲ

ပရိသတ်ကြီးတို့ရေ ဒီတစ်ခေါက်တော့ အိမ်ရှင်မတွေ တွေ့ကြုံနေရတဲ့ အခက်အခဲထဲက တစ်ခုဖြစ်တဲ့အသုံးပြုနေတဲ့ ဒယ် အိုးတွေ၊ ထမင်းအိုးတွေ၊ ရေနွေးအိုးတွေရဲ့ အောက်ခြေမှာ တိုက်ချွတ်ရခက်တဲ့အိုးမဲတွေ တက်နေတာပါ။

ဘယ်လိုဆပ်ပြာ၊ ဆပ်ပြာဆီတွေပဲသုံးသုံး တိုက်ချွတ်လို့မရပဲ အင်မတန်မှကို အရုပ်ဆိုးအကျည်းတန်တာကိုတော့ လူတို င်းတွေ့ကြုံနေရတာပါ။ ဒီနေ့တော့ အိမ်ရှင်မများအတွက် ဘယ်လိုနည်းလမ်းနဲ့ လုပ်ရင် ဒယ်အိုးကအိုးမဲတွေပြောင်ပြီး အ သစ်လိုပြောင်လက်သွားမလဲဆိုတာကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။


လိုအပ်တဲ့ပစ္စည်းကတော့ ပျော့နေတဲ့ခရမ်းချဉ်သီး သို့မဟုတ် ပုတ်ခါနီးခရမ်းချဉ်သီး (ဈေးထဲမှာ ဆိုရင်အ လကားတောင် တောင်းယူလို့ ရပါတယ်) ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ်ခရမ်းချဉ်သီး ၃-၄လုံးလောက်ကို ပါးပါးလှီးကာအ၀ ကျယ်ဒ ယ်အိုးထဲထည့် ရေသင့်ရုံထည့်ပြီး ဆူပွက်လာတဲ့အထိကျိုလိုက်ပါ။
အိုးမဲချွတ်လိုတဲ့အိုးတွေခွက်တွေကို အဲဒီထဲ ထည့်ပြုတ်လိုက်ပါ။ ၃မိနစ်ကနေ ၅မိနစ်ရှိပြီဆိုရင် ခါတိုင်းသုံးနေတဲ့ ဆပ်ပြာ ဆီနဲ့ဖော့ကိုအသုံးပြုကာ ပွတ်ချလိုက်ပါ။

ဒယ်အိုးအောက်ခြေတွေ အသစ်လို ပြောင်လက်သွားမှာပဲဖြစ်ပါတယ်။ အရမ်းလည်းလွယ်ပြီး ကုန်ကျစရိတ်နည်း ပါးတဲ့ နည်းပါ။

မယုံရင် အခုဘဲ သင် စမ်းကြည့်လိုက်စမ်းပါ။ သင်စိတ်ချမ်းသာစေမယ်လို့ ရဲရဲကြီး အာမခံပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*