ချစ်သူကို surprise သွားလုပ်ရာကနေ မမျှော်လင့်ထားတဲ့အရာကြောင့် ကြေကွဲခဲ့ရတဲ့ကောင်လေး

နှလုံးသားအရေးမှာ ရင်နင့်နေအောင် ချစ်ရတဲ့ကိုယ့်ချစ်သူလေးက တခြားတစ်ယောက်နဲ့သစ္စာဖောက်နေတယ်ဆိုတဲ့ အဖြစ်အပျက်မျိုးလောက် ဘယ်အဖြစ်အပျက်ကမှ ကြေကွဲစရာအကောင်းပါဘူး။ ကိုယ်နဲ့တွေ့ရင်တော့ အကောင်း၊ နောက်ကွယ်မှာတော့ တခြားတစ်ယောက်နဲ့ ကိုယ်ထက်တောင်ကြည်နူးနေသေးတယ်ဆိုတာမျိုးက တွေးမကြည့်ရဲလောက်အောင် ဆိုးရွားလွန်းလှပါတယ်နော်။ အကယ်၍ ချစ်သူလေးကို အံ့သြသွားစေဖို့ သူမသိအောင် သွားတွေ့ကာမှ သူကတော့တခြားတစ်ယောက်နဲ့ ချစ်ကြည်နူးတစ်တီတူးနေတဲ့မြင်ကွင်းကို မျက်ဝါးထင်ထင်တွေ့လိုက်ရရင် သင်ဆိုရင် ဘာလုပ်မယ်လို့ တွေးမိသလဲ။

ဒီအဖြစ်အပျက်ကို ကိုယ်တွေ့ကြုံခဲ့ရသူကတော့ Ken Wong ဆိုတဲ့ လူငယ်လေးပါပဲ။ Ken Wong ဟာ ဇွန်လ ၄ ရက်နေ့မှာ ကျရောက်တဲ့ ချစ်သူကောင်မလေးမွေးနေ့အတွက် ပန်းစည်းလေးကိုင်ပြီး surprise လုပ်ဖို့အတွက် မသိအောင် ကောင်မလေးတိုက်အောက်ကို သွားခဲ့ပါတယ်။ ပန်းစည်းတောင် ရိုးရိုးမဟုတ်ဘဲ ပိုက်ဆံတွေထည့်ထားတဲ့ ပန်းစည်းလေးပါတဲ့။

ဒါပေမဲ့လည်း အိမ်အောက်ကားပါကင်ကို ရောက်တဲ့အခါ Ken Wong ကို သူချစ်လှပါချည်ရဲ့ဆိုတဲ့ ကောင်မလေးက တခြားကောင်လေးကို ခွပြီး အကြာကြီးဖက်ကာ ကြည်နူးနေတဲ့ မြင်ကွင်းလေးက ဆီးကြိုလို့နေခဲ့ပါတယ်။ ရင်ဝဆောင့်ကန်းလိုက်သလိုပါပဲ။ Surprise လုပ်မှာဆိုတော့ အစောကြီးကတည်းက Ken Wong က သူ့ဖုန်းနဲ့ ဗီဒီယိုရိုက်ကာ မှတ်တမ်းတင်ဖို့ကို တစ်ခါတည်းပြင်ဆင်သွားခဲ့တာပါ။ ဒါကြောင့်လည်း ဒီအဖြစ်အပျက်တစ်ခုလုံးကို မှတ်တမ်းတင်နိုင်ခဲ့တာပေါ့။


အစကတော့ အံ့သြပြီး မယုံကြည်နိုင်သလိုဖြစ်ကာ ရယ်နေခဲ့ပေမယ့်လည်း ခဏအကြာမှာပဲ ခံစားချက်တွေထိန်းမရတော့ဘဲ မျက်ရည်တွေအလိမ်းလိမ်းကျကာ ကြေကွဲပါတော့တယ်။ ဒီအဖြစ်အပျက်ကို Ken Wong ကိုယ်တိုင် Twitter မှာ တင်ထားခဲ့တာဖြစ်ပြီး သူ့ရဲ့ Tweet post လေးနဲ့တကွ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*