ဖြတ်ထားတဲ့ ဆံပင် ရယ် ၊ခေါင်းအုံး ရယ်ကိုသုံးကာ အိမ်က ခိုးထွက်နည်း ကိုမျှဝေခဲ့သူ

ဆယ်ကျော်သက်ကောင်မလေး တစ်ချို့ရဲ့ Night Out ခိုးထွက်နည်း က တစ်ခြားသူတွေထက် ထူးဆန်းပါတယ်။ ယခင်က အသုံးပြုခဲ့တဲ့ နည်းဟောင်းကတော့ ခေါင်းအုန်းကို စောင်နဲ့အုပ်ထားရုံလေးတင်ပါ။ အခု ဒီဆယ်ကျော်သက်အရွယ် ကောင်မလေးတွေကတော့ ဉာဏ်ပြေးပါတယ်။ ကိုယ့်ဆံပင်ကိုယ်ဖြတ်ပြီး ခေါင်းအုံးကို စောင်နဲ့အုပ်၊ ဆံပင်လေးတွေကို မပေါ့်တပေါ် ဖုံးထားတဲ့နည်းကို သုံးခဲ့တာပါ။


အဆိုပါ နည်းကို သုံးခဲ့တဲ့ ကောင်မလေးတွေကတော့ Shannon Hay နဲ့ Keira Wilson တို့ သူငယ်ချင်းနှစ်ယောက် ဖြစ်ပါတယ်။ ၎င်းတို့နှစ်ယောက်ဟာ လူမှုကွန်ယက်မှာ အပြင်ကို မည်သို့မည်ပုံခိုးထွက်ခဲ့တယ်ဆိုတာကိုလည်း မျှဝေခဲ့ကြပါတယ်။သူမတိုရဲ့ရဲ့ ဉာဏ်ကောင်းပုံနဲ့ ပတ်သက်ပြီး Shannon က ” မနေ့ညက Keira နဲ့ ကျွန်မ အပြင်ကိုထွက်ခဲ့တယ် … ကျွန်မတို့ဆံပင်တွေကို ဖြတ်ပြီး ခေါင်းအုံးတွေကြားထဲ ညှပ်ထားခဲ့တော့ ကျွန်မတို့က အိပ်ယာထဲမှာပဲ ရှိနေတဲ့ ပုံစံမျိုး ဖြစ်စေခဲ့ပါတယ် .. ကျွန်မတို့ မနက် 4 နာရီမှ ပြန်ရောက်တယ် “လို့ ရေးသားခဲ့ပါတယ်။

အဆိုပါ ဓာတ်ပုံသုံးပုံထဲမှာ ဆံပင်တွေညှပ်ထားတဲ့ ခေါင်းအုံးတွေဟာ တကယ်လည်း ကောင်မလေးနှစ်ယောက် အိပ်နေတယ်လို့ ထင်စရာရှိပါတယ်။ ဒုတိယပုံထဲမှာတော့ ဆံပင်ဖြတ်ထားတာကို ပြသထားတာပါ။ တတိယပုံထဲမှာတော့ ပြူတင်းပေါက် သေးသေးလေးကနေ အပြင်ကို ကျော်ပြီးဆင်းနေတဲ့ ပုံဖြစ်ပါတယ်။

ဒါပေမယ့် သူမတို့လုပ်ဆောင်မှုဟာ အင်တာနက်ပေါ်မှာ ပေါက်ကြားခဲ့ပြီမို့ မိဘတွေကလည်း ကောင်းကောင်း သဘော
ပေါက်သွားနိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် ဒီနည်းကို သူမက လုံးဝပြီးပြည့်စုံတဲ့နည်းလို့ မဆိုလိုဘူးလို့ ဆိုထားပါတယ်။ သူမတို့ ဖြန့်ဝေခဲ့တဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက် တွစ်တာမှာ Like 5 သောင်းကျော် ရခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*