အိမ်မွေးခြင်္သေ့လေးရဲ့ မွေးနေ့ကို အရုပ်ဆိုးအကျည်တန်စွာကျင်းပခဲ့တဲ့ ပိုင်ရှင်အမျိုးသားရဲ့လုပ်ရပ်(ရုပ်သံ)

ချမ်းသာကြွယ်ဝလွန်းတဲ့သူတွေဟာ သူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေကို ဥစ္စာစည်းစိမ်တွေနဲ့ဖော်ပြလေ့ရှိသလို့ ၊ တစ်ချို့တွေဆိုရင် တောရိုင်တိရစ္ဆာန်တွေဖြစ်တဲ့ ခြင်္သေ့ ၊ ကျားသစ် နဲ့ ကျားတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးထားပြီး ချမ်းသာကြွယ်ဝမှုတွေကို ကြွားဝါပြလေ့ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း ခြင်္သေ့တစ်ကောင်ကို အိမ်မွေးအဖြစ် မွေးမြူထားခဲ့ပြီးနောက် အဆိုပါခြင်္သေ့လေးရဲ့ မွေးနေ့ပွဲကိုလည်း ပိုင်ရှင်ကကျင်းပပေးခဲ့ပါသေးတယ် ။ သို့ပေမဲ့လည်း ပိုင်ရှင်က မွေးနေ့ကိတ်ကိုခြင်္သေ့လေးရဲ့မျက်နှာတည့်တည့် ပစ်ပေါက်ပစ်ခဲ့ပါတယ် ။

ထိုအချိန်မှာတော့ အတော်ကြောက်လန့်သွားပုံရတဲ့ခြင်္သေ့လေးဟာ သူ့ရဲ့လက်ဖဝါးနဲ့ မျက်နှာပေါ်မှာပေကျံနေတဲ့ ကိတ်မုန့်တွေကို အတင်းဖယ်ထုတ်နေခဲ့ပါတယ် ။ ထို့အပြင် ကြောက်လန့်စွာနဲ့ အခန်းအနှံ့ပတ်ပြေးနေခဲ့ပါသေးတယ် ။ အဆိုပါ video ကို A Fortress Of Fur ဆိုတဲ့ Facebook စာမျက်နှာတစ်ခုက ဝေမျှလိုက်ချိန်မှာတော့

ခြင်္သေ့လေးရဲ့ပိုင်ရှင်ဟာ လူအများရဲ့ဝေဖန်ပစ်တင်ရှုံချမှုကိုခံခဲ့ရပါတယ် ။ ထို့အပြင် ” တောရိုင်တိရစ္ဆာန်ကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးထားရုံမကပဲ ဒီလိုလုပ်ကြတယ်ဆိုတော့ တော်တော်လေးရယ်စရာကောင်းနေလား ..ဆိုးဝါးလိုက်တာ…တိရစ္ဆာန်တိုင်းကိုတော့ ထောက်ထားစာနာသင့်တယ် ” ဆိုပြီး ရေးသားထားခဲ့ပါသေးတယ် ။

အဆိုပါခြင်္သေ့လေးရဲ့မွေးနေ့ပွဲကို လူငယ်အတော်များများကရောက်ရှိလာကြပြီး ၊ ခြင်္သေ့လေးရဲ့မျက်နှာကို မွေးနေ့ကိတ်နဲ့ပစ်ပေါက်ပြီးချိန်မှာတော့ လူအများကသာ ဝိုင်းဖွဲ့ရယ်မောနေခဲ့ကြတာပါ ။ လွတ်လပ်စွာ နေထိုင်သင့်တဲ့တောရိုင်းတိရစ္ဆာန်ကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးမြူထားတဲ့အပြင် ယခုလိုလုပ်ရပ်မျိုးပြုလုပ်ခဲ့တဲ့အတွက် လူအများကတာဝန်ရှိသူများ အရေးယူပေးဖို့ကိုပါ တောင်းဆိုခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*