
IT Companyတစ်ခုက သူတို့ရဲ့ ဝန်ထမ်းတွေ ပျော်ရွှင်စွာနဲ့အလုပ်လုပ်နိုင်ဖို့နိုက်ကလပ်တွေမှာ အလုပ်လုပ်နေတဲ့ ပရော်ဖက်ရှင်နယ် အကမယ်တစ်ယောက်ကို ငှားရမ်းပေးခဲ့ပါတယ်။ ထိုအကမယ်အတွက်လည်း ရုံးခန်းထားပေးထားပါတယ်။
သူမနာမည်က Yulia tastimbekova ဖြစ်ပြီး တစ်ပတ်ကို ၂ကြိမ်ရုံးသွားပြီး ကပြဖျော်ဖြေပေးရတာဖြစ်ပါတယ်။ ရုံးကတော့ ရုရှနိုင်ငံ Ulyanovskမြို့မှာပါ။ ဗုဒ္ဓဟူးနေ့မှာတော့ ရုံးက Programmer တွေကို ကပြဖျော်ဖြေရပြီး သောကြာနေ့တွေမှာတော့ ရုံးက ဘော့စ်တွေမန်နေဂျာတွေကို ကပြဖျော်ဖြေရပါတယ်။အောက်က ဗီဒီယိုထဲမှာတော့ သူမကနေတာကို ရုံးက ဝန်းထမ်းတွေကြည့်နေတာကိုမြင်ရမှာဖြစ်ပါတယ်။ ဒီဗီဒီယိုဟာအွန်လိုင်းမှာလည်း နာမည်ကြိးနေပါတယ်။ သူမဟာ အင်္ကျီအနက်ရောင်အတိုကိုဝတ်ထားပြီး၊ ဘောင်းဘီအတို၊ဒေါက်ဖိနပ်နဲ့ ကပြဖျော်ဖြေနေခဲ့တာဖြစ်ပါတယ်။
Company ပိုင်ရှင်ဖြစ်ူ Mukhametovကတော့ Tastimbekova ကိုငှားရမ်းရတာဟာ Companyက ပရိုဂရမ်မာတွေအနေနဲ့ အလုပ်ပင်ပန်းတဲ့အခါ အပန်းဖြေနိုင်ဖို့လို့ဆိုပါတယ်။ ဒါပေမယ့် ရုံးကဝန်ထမ်းတွေအားလုံး အကမယ်ကိုရိသဲ့သဲ့လုပ်ခြင်း၊ ဖုန်းနံပတ်တောင်းခြင်းမလုပ်ရပါဘူး။ လုပ်ရင် အလုပ်ကဖြုတ်ပစ်ပါတယ်။Tastimbekovaကတော့ သူ့အနေနဲ့ အကယ်မယ်ရာထူးခေါ်နေတာတွေ့လို့အလုပ်လျှောက်ခဲ့တာဖြစ်ကြောင်းဆိုပါတယ်။“ကျွန်မ မော်စကိုက အိုင်တီလုပ်ငန်းတွေ့ အကမယ်တွေငှားနေတယ်လို့ကြားတော့ သိချင်စိတ်ပြင်းပြပြီး အလုပ်လျှောက်ခဲ့တာပါ။
Programmerတစ်ဦးဖြစ်တဲ့ Dmitry Perfilievကတော့ “ကျွန်တော်ကတော့ အရမ်းကြိုက်ပါတယ်။ စိတ်ဓာတ်တက်ကြွစေတယ်လေ”လိုဆိုခဲ့ပါတယ်။ အမျိုးသမီးဝန်ထမ်းOlga Makarovaကတော့ “ရုပ်လှသလို ကကွက်တွေကလည်းလှတဲ့ မိန်းကလေးတစ်ယောက်ကို ကြည့်ရတာ ကျွန်မလည်းကြိုက်ပါတယ်”လို့ ဆိုခဲ့ပါတယ်။
Leave a Reply