
Macaw ကြက်တူရွေးတစ်ကောင် သူ့ရဲ့နေအိမ်ကနေ အိမ်နီးချင်းတစ်ယောက်ရဲ့အိမ်ခေါင်မိုးပေါ်ရောက်နေတာ သုံးရက်လောက်ရှိပြီဖြစ်ပြီး သူ့ကိုလာကယ်တဲ့ မီးသတ်သမားကို သုံးရက်လုံး နှင်လွှတ်တဲ့စကားပဲပြန်ပြောသတဲ့။
ယူကေ ၊ လန်ဒန်မြို့ရှိ Edmonnton, Cuckoo Hall Lane က သူမရဲ့နေအိမ်ကနေ ထွက်ပြေးလာတာဖြစ်ပြီး အိမ်နီးချင်းတစ်ယောက်ရဲ့အိမ်ခေါင်မိုးပေါ်ရောက်နေတာပါ။ သူမရဲ့သခင်နဲ့ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး (RSPCA) အဖွဲ့မှ ကြက်တူရွေးကို ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် ” f** off ” ဆိုပြီး ဒီလိုပလစ်လိုက်လေတော့ သခင်ကိုယ်တိုင်ကလည်း အံ့သြသွားလေတယ်။
‘ Jessie ခေါင်မိုးပေါ်ရောက်နေတာ သုံးရက်ရှိပြီ။ လုံးဝအောက်ကို မဆင်းလာတာ တစ်ခုခုထိခိုက်ဒဏ်ရာရထားလို့ဖြစ်မယ် ” လို့ သူမ သခင်ကပြောပါတယ်။ သူ့ကိုသွားကယ်တဲ့အခါ ‘ I Love you ‘ လို့ သခင်ဖြစ်သူအစား ပြောပေးဖို့ ကယ်ဆယ်ရေးသမားကို အကူညီတောင်းရတယ်။
အပေါ်ရောက်တော့ သူမသခင်မှာတဲ့အတိုင်း ‘ I love you ‘ လို့ ပြောပေမယ့် “f*** off” လို့ ကြက်တူရွေးကပြောပြီး နှင်လွှတ်ပြန်လေတယ်။ Jessie နဲ့ ကယ်ဆယ်ရေးသမားကြားက ဟာသဖြစ်စဉ်ဟာ တွစ်တာမှာ အတော်လေး နာမည်ကြီးသွားခဲ့ပါတယ်။
ကံကောင်းစွာနဲ့ Jessie ဘာဒဏ်ရာမှမရပါဘူး။ အဲ့လိုပြောပြီး နောက်ထပ်ခေါင်မိုးတစ်ခုပေါ် ပျံသွားပါတယ်။ ပြီးတော့ သစ်ပင်တစ်ခုပေါ်ရောက်သွားတယ်။ ကြည့်ရတာ အိမ်ထဲနေရတာ ကျဉ်းကျပ်လို့ သူအပြင်ထွက်ချင်နေတာဖြစ်မယ်။ သခင်ကိုလည်း Jessie ကို ခဏလောက်လွှတ်ထားလိုက်ဖို့ တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့မှ ပြောကြားသွားပါတယ်။
Leave a Reply