စစ်သားတစ်ချို့သက်သေပြခဲ့တဲ့ မိန်းကလေးအသုံးအဆောင်Pads တွေရဲ့အသုံးတည့်ပုံဟာဆိုရင်တော့ဖြင့်…

ဗီယက်နမ်ကစစ်သားတစ်ချို့ကတော့ ဆန်းသွားပြန်ပါပြီ။ ဒါပင်မဲ့လည်းသူတိုရဲ့ ပစ္စည်းတစ်ခုကို အသုံးတည့်အောင်သုံးတတ်တဲ့ ပညာကို တော့လေးစားရမယ်ဗျ…မိန်းကလေးအသုံးဆောင် (Feminine Pads) တွေကို သူတိုရဲ့ စစ်တိုက်တဲ့ ဖိနပ်ထဲတွေ ဘွတ်ဖိနပ်တွေထဲမှာထည့်ပြီးစီးခဲ့ကြပါတယ်။ ဒီလိုစီးရခြင်းမှာ အကျိုးကျေးဇူးများစွာရှိတယ်လို့ ပြောခဲ့ပါတယ်။

ဒါတွေကတော့ ဖိနပ်စီးတဲ့နေရာမှာ လွယ်ကူပြီးစီးထားတဲ့အခါ နူးညံ့ကာသက်တောင့်သက်သာဖြစ်စေတယ်လို့ပြောခဲ့ပါတယ်။ ဒါ့အပြင် ခြေဆီ ဘယ်လောက်ပဲထွက်ထွက် အနံ့မဆိုးပဲ Pad ရဲ့စုပ်ယူမှုအားကြောင့်အရင်ကထက်ခြေဆေးထွက်တဲ့ကိစ္စမှာ ပိုအဆင်ပြေစေတယ်လို့လည်းပြောခဲ့ပါတယ်။ တကယ်တမ်းစဉ်းစားကြည့်တော့လည်းသူတို့ပြောတာမှန်တော့မှန်သားရယ် တကယ်လည်း ဖိနပ်စီးရင် သက်တောင့်သက်သာဖြစ်စေပြီး ခြေဆီတွေကိုလည်းစုပ်ယူပေးနိုင်တာအမှန်ပါပဲ။ နောက်ပြီး ခြေထောက်ကထွက်တဲ့ Bacteria ပိုးမွှားတွေကို Pads ကျေးဇူးကြောင့်လျော့ချပေးနိုင်မှာအသေချာပါပဲ။

ဒီလိုတွေသုံးလို့ သူတို့စိတ်ထဲမှာ မိန်းကလေးပစ္စည်းရှက်စရာကြီးဆိုတဲ့စိတ်မျိုးတစ်ခါမှမတွေးခဲ့ကြဘူးလို့လည်းစစ်သားတစ်ချို့ဆီကကြားသိရပါတယ်။ အခုနောက်ပိုင်းဆို ထရိန်နင် ဆင်းတဲ့ တစ်ခြားစစ်ကျောင်းသားတွေပါ လိုအပ်ရင်လိုအပ်သလို ပြေးတဲ့လွှာတဲ့အခါအားကစားလုပ်တဲ့အခါ ဖိနပ်ထဲကို Padတွေထည့်ပြီးစီးကြတာ ပုံမှန်လိုဖြစ်နေပါပြီလို့ပြောပြခဲ့ပါတယ်။

ဒီလိုပစ္စည်းမျိုးကို မိန်းကလေးတွေအတွက်ပဲ သုံးတာမျိုးမဟုတ်ပဲ ယောင်္ကျားလေးတွေအတွက်လည်းလိုအပ်ရင်အသုံးတည့်တယ်ဆိုတာကို သက်သေပြလိုက်တဲ့ ဗီယက်နမ်က စစ်သားတွေရဲ့အတွေးကတော့ ချီးကျူးစရာပါပဲ…

Be the first to comment

Leave a Reply

Your email address will not be published.


*