
Wong Ching-kit ဆိုသူအမျိုးသားဟာ Facebook ပေါ်မှာ Coin Yong Master ဆိုပြီး လူသိများနေပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့နေ့လည်ပိုင်းတုန်းက မျက်မြင်သက်သေများအရ အသက် (၂၄) နှစ်အရွယ် Wong ဟာ ဟောင်ကောင်မှာရှိတဲ့ Sham Shui Po ရပ်ကွက်ကို Lamborghini ကားကြီးစီးပြီး ရောက်လာခဲ့တယ်လို့ဆိုပါတယ်။ လက်ထဲမှာလည်း ဟောင်ကောင်ငွေ အထပ်လိုက်ကိုင်ကာ တယ်လို့သိရပါတယ်။။ လူချမ်းသာတွေစီမှ ဓားပြတိုက်ပြီး ဆင်းရဲသူတွေကိုပြန်ပေးတဲ့ Robin Hood လိုမျိုး လေးတစ်ခုကိုလည်း ကျောကုန်းမှာ လွယ်ထားပါသေးတယ်။
ရုတ်တရက်ဆိုသလို ငွေတွေအစုံလိုက်အပြုံလိုက် ကောင်းကင်ပေါ်ကနေ ကျလာတာကို ဟောင်ကောင်မြို့ရှိ Sham Shui Po ရပ်ကွက်ရဲ့ Fuk Wa လမ်းမပေါ်ကနေ မြင်ရပါတယ်။ ဟောင်ကောင်ဒေါ်လာ (၁၀၀) တန် ( အမေရိကန် ၁၃ ဒေါ်လာနှင့် ညီမျှသည်) တွေဟာ ပိုင်ရှင်မရှိသလိုမျိုး ကျလာတဲ့အတွက် အောက်မှလူထုကြီးက အနည်းငယ်ရုတ်ရုတ်သဲသဲဖြစ်ကာ ပိုက်ဆံတွေကို လိုက်ကောက်ခဲ့ကြပါတယ်။ ဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ကြေငြာချက် အရလည်း ကြဲချခဲ့တဲ့ ပိုက်ဆံအရေအတွက်ဟ ဟောင်ကောင်ဒေါ်လာ(၁)သန်းဖိုးခန့် ရှိတယ်လို့ သိရပါတယ်။
ဒီအဖြစ်အပျက်ကို Wong ကိုယ်တိုင် Facebook ပေါ်မှာ “လူချမ်းသာတွေဆီမှ ဓားပြတိုက်ပြီး ဆင်းရဲသူတွေကို ကူညီပါ” ဆိုတဲ့ caption နဲ့ တိုက်ရိုက်ဗီဒီယိုထုတ်လွှင့်ခဲ့ပါတယ်။
Wong ရဲ့လုပ်ရပ်ကြောင့် လူထုဆူပူအုံကြွမှု၊ နှောက်ယှက်မှုနှင့် အခြားသောငွေကြေးအလေအလွင့်ဖြစ်မှုစတဲ့ စွဲချက်တွေကြောင့် အဖမ်းခံခဲ့ရပြီး ပိုက်ဆံကောက်တဲ့လူထုကြီးဆီမှလည်း ကောက်ထားတဲ့ပိုက်ဆံတွေကို ပြန်တောင်းခဲ့ရာစုစုပေါင်း ဟောင်ကောင်ဒေါ်လာ (၆၀၀၀) ကို ပြန်ရခဲ့ပါတယ်။
Wong ဟာ Facebook မှာ Epoch Cryptocurrency ဆိုတဲ့ page ကို တည်ထောင်ထားပြီး Crytocurrency ဈေးနှုန်း ကစားရာကနေ ဝင်ငွေအမြောက်အများ ရရှိနေသူတစ်ဦးပါ။ လူမှုကွန်ယက်မှာ လူစိတ်ဝင်စားမှု ရရှိဖို့အတွက် အရင်တုန်းကလည်း စားသောက်ဆိုင်တွေရှေ့သွားပြီး အစားအသောက်ကူပွန်တွေ ဝေခဲ့သေးတယ်လို့လည်း သိခဲ့ရပါတယ်။
Leave a Reply