CEO တစ်ယောက်ဖြစ်ခဲ့ပေမဲ့ မိတ်ဆွေအစစ်အမှန်မရှိခဲ့လို့ အရောင်းဝန်ထမ်းအလုပ်ဝင်လုပ်နေခဲ့တဲ့ 81နှစ်အရွယ်အဘိုးအို

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ Palakorn Tesnam အမည်ရှိတဲ့ အမျိုးသားဟာ Shopping mall တစ်ခုမှာအလုပ်ဝင်လုပ်နေခဲ့တဲ့ အသက် 81 နှစ်အရွယ်အဘိုးအိုရဲ့ အကြောင်းကို သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ ဝေမျှသွားခဲ့ပါတယ် ။ Palakorn ဟာ ဈေးဝယ်ထွက်နေရင်း Pracha အမည်ရှိတဲ့အဘိုးအိုဟာ သူ့အားချဉ်းကပ်လာပြီး shopping လှည်း လိုအပ်လား ဒီနားယူလို့ရတယ် ဆိုပြီး စကားစပြောလာခဲ့ပါတယ် ။ ထို့နောက် အသက်အရွယ်ကြီးနေပြီး အခုထိအလုပ်ဝင်လုပ်နေသေးတဲ့ အဘိုးအိုကြောင့် Palakorn ဟာ သိချင်စိတ်ပြင်းပြလာပြီး အဘိုးအိုအား ဘာလို့အခုထိ အလုပ်ဝင်လုပ်နေသေးတာလဲဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့ အဘိုးအိုက “အခုချိန်ထိထမင်းစားပွဲပေါ်မှာ ငါ့အတွက်အစားအစာရှိနေသေးဖို့ လိုနေလို့ပဲ” ဆိုပြီးဖြေဆိုခဲ့ပါတယ် ။

ထို့အပြင် ” ငါအခုထိ ဗိုက်ဆာနေသေးတယ် ၊ အဲ့ကြောင့် အလုပ်မလုပ်လို့မရဘူး ၊ စက္ကန့်တိုင်းက ပိုက်ဆံတွေပဲ ၊ မန်နေဂျာက ငါ့ကိုဒီနားမှာ အလုပ်လုပ်ခွင့်ပေးထားတာပဲ တအားကိုကောင်းနေပါပြီ ” ဆိုပြီး အဘိုးအိုကပြောဆိုခဲ့ပါတယ် ။ ထို့အပြင် အဘိုးအိုဟာ အလုပ်သမား 200 ခန့်ကိုစီမံအုပ်ချုပ်နေခဲ့တဲ့ CEO တစ်ယောက်ဖြစ်ခဲ့ပေမဲ့လည်း ၊ လုပ်ငန်းက အဆင်မပြေတဲ့အချိန်မှာတော့ သူငယ်ချင်းအစစ်အမှန်ဆိုတာမရှိခဲ့လို့ ဒုက္ခရောက်တဲ့အချိန်ကူညီပေးတဲ့သူမရှိဘဲ ၊ တစ်ယောက်တည်သာ ရုန်းကန်ခဲ့ရကြောင်း ၊ ယခု အရောင်းဝန်ထမ်းအလုပ်ကိုသာ အကောင်းဆုံးကြိုးစားပြီး လုပ်ကိုင်နေ၍ ပျော်ရွှင်နေရကြောင်း ကိုလည်း Palakorn အားရှင်းပြသွားခဲ့ပါတယ် ။

ထို့အပြင် Palakorn ထွက်သွားတော့မဲ့ အချိန်မှာတော့ အဘိုးအိုက ” အရက်သေစာတွေ တအားမသောက်စားနဲ့ ၊ ဆေးလိပ်မသောက်နဲ့ ၊ အဲ့ဒီ အချိုရည်တွေကိုလည်း သိပ်မသောက်နဲ့ ၊ ဒါပေမဲ့ အရေးကြီးဆုံးက တအားကြီးမစွဲလန်းသွားနဲ့ ၊ နင့်ရဲ့ ကျန်းမာရေးအတွက်မကောင်းဘူး ” ဆိုပြီးတော့လည်း အဘိုးအိုက မှာကြားလိုက်ပါသေးတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*