မသိနားမလည်သေးတဲ့ ကလေးတစ်ယောက်ရဲ့ ကူညီတတ်မှု နဲ့ လူကြီးတွေကိုပေးလိုက်တဲ့ သင်ခန်းစာ (ရုပ်သံ)

ဖြစ်စဉ်ကတော့ လမ်းလျှောက်တက်စကလေးငယ်လေးတစ်ယောက်ဟာ ကားပေါ်ကနေရေဗူးလွင့်ပစ်ချခဲ့တဲ့ လူကြီးတစ်ယောက်ကို တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတစ်ခုပေးလိုက်တာပါပဲ ။ အဆိုပါ video လေးထဲမှာတော့ တရုတ်နိုင်ငံ ၊ Jining မြို့ရဲ့ လမ်းမကြီးဘေးတစ်နေရာမှာ လမ်းလျှောက်နေခဲ့တဲ့ 1နှစ်သားအရွယ်ကောင်လေးတစ်ယောက်ဟာ ကားပေါ်ကနေ ရေဗူးပစ်ချလိုက်တာကိုတွေ့ပြီးနောက် အဆိုပါရေးဗူးကိုကောက်ကာ ကားရဲ့ပုတင်းပေါက်ကနေ ကားသမားကိုရေဗူးပြန်ပေးခဲ့ပါတယ် ။

ကလေးငယ်ရဲ့မိခင်ပြောပြချက်အရ ကလေးငယ်ဟာ ကားပေါ်ကလူ မတော်တဆရေဗူးပြုတ်ကျသွားတယ်ထင်ပြီး ကူညီတဲ့အနေနဲ့ ပြန်ကောက်ပေးခဲ့တာပါ ။ ဒါပေမဲ့ video ကြည့်မိတဲ့လူတိုင်က ကလေးငယ်က လူကြီးကို ပတ်ဝန်းကျင်ချစ်မြတ်နိုးတတ်အောင်ပြန်သင်ပေးနေတာနဲ့ တူနေခဲ့တာပါ ။

ကလေးငယ်ရဲ့မိခင်ဟာ မကြာခဏ သားလေးရဲ့နေ့စဉ်လမ်းလျှောက်ပုံတွေကို အမြဲvideo ရိုက်ယူထားလေ့ရှိသောကြောင့် အဆိုပါနေ့ကအဖြစ်အပျက်ကိုလည်း ရိုက်ကူးမိခဲ့တာပါ ။ ” အဲ့နေ့က ကားပေါ်ကနေ ရေဗူးပြုတ်ကျသွားတယ်လို့ သားလေးက ထင်ခဲ့ပုံပါပဲ ၊ သားလေးက တအားကို ရိုးစင်းလွန်းတဲ့ ကလေးငယ်တစ်ယောက်ပါ ၊ တခြားသူတွေ ပစ္စည်းပြုတ်ကျတာတွေ့ရင်လည်း သူအမြဲကူညီပြီး ကောက်ပေးတတ်လေ့ရှိပါတယ် ” ဆိုပြီး ကလေးမိခင်က ပြောပြခဲ့ပါတယ် ။

ထို့အပြင် ” သားလေးရဲ့အသက်က တစ်နှစ်နဲ့သုံးလပဲ ရှိသေးတာ ၊ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ အဲ့လိုစိတ်မျိုးလည်းမရှိလောက်သေးပါဘူး ၊ ဒါပေမဲ့လည်း သူ့လုပ်ရပ်က ကားဆရာကို သင်ခန်းစာပြန်ပေးလိုက်သလိုပါပဲ ” ဆိုပြီးတော့လည်း ထပ်လောင်းပြောဆိုခဲ့ပါသေးတယ် ။ ကလေးငယ်က ကားဆရာကို ရေဗူးပြန်ပေးလိုက်ချိန်မှာ ကားဆရာကတော့ ဘားမှပြန်လည်မပြောဆိုပဲ ၊ ကားပုတင်းပေါက်ကိုသာ ပိတ်သွားခဲ့ပါတယ် ဆိုပြီးတော့လည်း မိခင်ဖြစ်သူက အဆိုပါနေ့က အဖြစ်အပျက်ကို ပြောပြသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*