Adidasဖိနပ်စီးထားတဲ့ မံမီရုပ်အလောင်းတစ်ခုကိုရှာဖွေတွေ့ရှိ

သုတေသနပြုလုပ်သူတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း၁၅၀၀ကျော်က မံမီရုပ်အလောင်းတစ်ခုမှာ Adidasရဲ့လိုဂိုပါတဲ့ဖိနပ်တစ်စုံကိုစီးထားတာကိုတွေ့ရှိခဲ့ရပါတယ်။ မွန်ဂိုလီးယားက ပေပေါင်း ၁၀၀၀၀ ကျော်မြင့်တဲ့ Atlai တောင်တန်းပေါ်မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။

မံမီရုပ်အလောင်းရဲ့ ခြေထောက်နဲ့လက်ကိုသာရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး လူတွေကတော့ အချိန်ခရီးသွားခြင်းကတကယ်ဖြစ်နိုင်ကြောင်း ထင်ကြေးပေးနေကြပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီအပေါ်မှာ မှတ်ချက်မပေးလိုကြောင်းပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီတွေ့ရှိမှုအတွက်တော့ အရမ်းပဲဝမ်းသာကြောင်းပြောဆိုခဲ့ပါတယ်။မွန်ဂိုလီးယားဒေသတွေမှာ သူတို့လေ့လာခဲ့သမျှထဲမှာ အထူးခြားဆုံးရှာဇွေတွေ့ရှိမှုလည်း ဖြစ်ခဲ့ပါတယ်။ “ဒီအမျိုးသမီးဟာ အထက်တန်းထဲကမဟုတ်ပါဘူး။ သူက အမျိုးသမီးဖြစ်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။

Turkik mummy in Mongolia Must Credit: Khovd Museum/ The Siberian Times queries Will Stewart 007 985 9

ဘာလို့လည်းဆိုတော့ အုတ်ဂူထဲမှာ “လေး”မရှိလို့ပါ။ (ထိုခေတ်က ယောက်ျားလေးများသေရင် သူရဲ့”လေး”ကို အတူတကွမြှုပ်နှံပေးလေ့ရှိပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ကိုတော့ မဖြည်ကြည့်ရသေးပါဘူး။ အခုတော့ အဲ့ဒိလုပ်ငန်းစဉ်ကို လုပ်ဖို့စီစဉ်နေပါပြီ။အဲ့ဒိကျရင်တော့ ပိုပြောနိုင်မှာပါ။”လို့ သုတေသနပြုလုပ်သူ B. Sukhbaatar ကဆိုခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*