ခြင်္သေ့မဘယ်လိုပဲ မြူစွယ်မြူစွယ်တုတ်တုတ်မှမလှုပ်တဲ့ သမာဓိအားကောင်းလွန်းတဲ့ခြင်္သေ့

ဗီဒီယိုထဲမှာပါတဲ့ ခြင်္သေ့မလေးဟာ ခြင်္သေ့ရဲ့ဂရုစိုက်မှုကို လိုချင်နေတဲ့သဖွယ် နေမထိထိုင်မသာတွေဖြစ်နေရရှာပါတယ်။ ကွင်းပြင်ထဲမှာ သူ့ဟာသူထိုင်နေတဲ့ ခြင်္သေ့ကို သွားသွားပြီး ပွတ်သီးပွတ်သက်လုပ်လိုက် ခြင်္သေ့ကမောင်းထုတ်လိုက်နဲ့ သံသရာကို လည်နေပါတော့တယ်။ ဒါပေမဲ့ ခြင်္သေ့ကတော့ မောင်းထုတ်မြဲ မောင်းထုတ်ဆဲပါပဲ။


ခြင်္သေ့ပေါ်ကို ကျော်တယ် ခွတယ်။ တက်ထိုင်တယ်။ ဒါလည်းမထူးပါဘူး။ အမြင်ကတ်လို့လားတော့ မသိဘူး ခြင်္သေ့မလေးကို လှမ်းတောင် ကိုက်လိုက်ပါသေးတယ်။


ခြင်္သေ့ဟာ စိတ်ရှုပ်လွန်းတဲ့ အမူအရာနဲ့ ထိုင်နေရကနေ အိပ်မလို့လားမသိဘူး လှဲချလိုက်တဲ့အခါမှာလည်း ခြင်္သေ့မလေးက ဂဏာမငြိမ်ဘဲ လိုက်ပြီးတိုးဝှေ့နေဆဲပါပဲ။သည်းမခံနိုင်တဲ့အဆုံး ခြင်္သေ့ဟာ အိပ်လည်း မအိပ်တော့ဘဲ ထထွက်သွားတော့လည်း ခြင်္သေ့မလေးက လိုက်ပြီးတွယ်ကပ်နေဆဲပါပဲ။


ဒီဗီဒီယိုကိုကြည့်ပြီး ခြင်္သေ့နှစ်ကောင်ဟာ ကြောက်စရာကောင်းတဲ့ သားရိုင်းတိရိစ္ဆာန်အဖြစ် မမြင်မိတော့ဘဲ လူသားသမီးရည်းစားနှစ်ယောက်မှာ လူကြီးဆန်ပြီး အနေအေး ပဲများတတ်တဲ့ အမျိုးသားနဲ့ အမျိုးသားကို ကလေးဆိုးဆိုးပြီး အမြဲတစေ ဂရုစိုက်မှုတွေခံနေချင်တဲ့ ချာတိတ်မလေးနဲ့တောင် တူနေပါသေးတယ်။ ခြင်္သေ့ထီးကြီး ပုံစံကတော့ ငါတို့ကို လူတွေ ကြည့်နေတယ် .. ရှက်စရာကြီးဆိုပြီး ရှက်သွေး ဖျာနေတဲ့ပုံပါပဲ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*