ဒီလိုချစ်သူယောကျ်ားမျိုးတစ်ရာမှာတစ်ယောက်ရှားလွန်ပါတယ်…

တရုတ်နိင်ငံက လူတွေကကြား စိတ်မကောင်းစရာ ဖြစ်ရပ်မှန်တစ်ခုအချစ်ဇာတ်လမ်းလေးတစ်ခုလို့ဆိုရမှာပါပဲ… တရုတ်နိုင်ငံသား စုံတွဲတစ်တွဲဟာသိပ်ကိုချစ်ကြတဲ့စုံတွဲတစ်တွဲပါ။ ကံမကောင်းချင်တော့ မိန်းကလေးဖြစ်သူက သွေးဖြူဥလွန်ကဲတဲ့ကင်ဆာရောဂါဝေဒနာကို ခံစားနေခဲ့ရပါတယ်။ ချစ်သူဘဝတည်းကကင်ဆာဝေဒနာခံစားနေရတဲ့ ချစ်သူအတွက် ကြိုးစားပိုက်ဆံရှာပြီး ဆေးကြီးလှတဲ့ကင်ဆာဆေးတွေကို ဝယ်ပေးပြီးဆေးကုသနိုင်ဖို့ အများကြီးကို ချစ်သူအမျိုးသားဟာကူညီပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်ခန့်သူတို့နှစ်ဦးဟာတွေ့ဆုံခဲ့ကြပြီးတွေ့ဆုံမှုလေးကတော့ ပစ္စည်းလိုက်ပို့တဲ့ကောင်လေးနဲ့ကောင်လေးရဲ့စက်ဘီးနဲ့တိုက်မိသွားတဲ့ကောင်မလေးဇာတ်လမ်းကနေစခဲ့တာဖြစ်တယ်လို့လည်းပြောပြခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးတွေ့တွေ့ချင်းမှာတင်တစ်ယောက်ကိုတစ်ယောက်သိပ်မြတ်နိုးသွားကြပြီး ဒီအချိန်တည်းကိုကမိန်းကလေးဖြစ်သူက ရောဂါကိုစတင်ခံစားနေရတာပါ။

စဉ်းစားကြည့့်ပါ တော်ရုံယောကျ်ားလေးက ရောဂါအကြီးကြီးဖြစ်နေပါတယ်ဆိုတဲ့မိန်းကလေးကိုစချစ်ရမှာတော့ အနည်းနဲ့များဝန်လေးကြမှာပါပဲ( ချစ်သူဖြစ်ပြီးမှသိရင်တော့တစ်မျိုး ဒါတောင်တစ်ချို့ဆို ပစ်ရင်ပစ်သွားကြသေးတာ) မျိုးပါ။ ဒါပင်မဲ့ဒီလိုအရာမထင်ရက်စရာအချစ်တွေနဲ့စခဲ့တဲ့သူတို့ရဲ့အချစ်ဇာတ်လမ်းဟာ နောက်ဆုံး ဆေးရုံမှာပဲ အဆုံးသတ်ခဲ့ရပါတယ်။

သူ့ချစ်ရသူမိန်းကလေးဟာသေတော့မှာမှန်းသိပင်မဲ့လက်ထက်ချင်ပါတယ်ဆိုတဲ့ အမျိုးသားဆန္ဒကြောင့်ဆေးရုံမှာပဲ ချစ်စရာကောင်းတဲ့မင်္ဂလာပွဲလေးပြင်ဆင်ခဲ့ပင်မဲ့ ဒီမင်္ဂလာပွဲ လုပ်တဲ့နေ့မှာပဲ ကင်ဆာဝေဒနာရှင်ချစ်သူကောင်မလေးမှာ သေဆုံးသွားခဲ့ပါတယ်။ အမျိုးသားဖြစ်သူပြောကြားခဲ့တာကတော့ သူ့ချစ်သူကောင်မလေးအတွက် သူတစ်သတ်လုံးပေးဆပ်ခဲ့တယ် ကျေကျေနပ်နပ်ကြီးလည်းထပ်ပေးဆပ်နိုင်ပါသေးတယ် သူ့တစ်ဘဝလုံးဟာဒီမိန်းကလေးအတွက်ပါလို့ ပြောခဲ့ပါတယ်။

ဒီကိစ္စဟာတရုတ်နိုင်ငံကလူအများကြားပြန့်နှံ့သွားပြီးအားလုံးလည်းစိတ်မကောင်းဖြစ်ကြသလို သူတို့တွေဒီဘဝမဆုံနိုင်ခဲ့ပင်မဲ့ဘဝဆက်တိုင်းဆုံကြမှာပါ …ဘယ်တော့မှမင်းတို့ရဲ့အချစ်တွေကကွဲကွာပျောက်ရှသွားမှာမဟုတ်ဘူးလို့ အားပေးတဲ့သူတွေဆုတောင်းပေးတဲ့သူတွေလည်းအများကြီးကိုရှိခဲ့ပါတယ်။ သိပ်ကို လေးစားဖို့ကောင်းပြီးဝမ်းနည်းရတဲ့ဖြစ်ရပ်မှန်လေးတစ်ခုပါပဲ…ဒီစာကိုရေးနေရင်းကိုယ်တောင် ရင်ထဲစို့နစ်ရတာအမှန်ပါပဲ 🙁 လောကကြီးမှာအသက်ရှင်နေတုန်းကိုယ့်နားမှာလက်ရှိရှိနေပြီးကိုယ့်အပေါ် သိပ်ချစ်တဲ့သူတွေသိပ်နားလည်ပေးတဲ့သူတွေကိုတန်ဖိုးထားပေးပါ။

လက်ရှိကိုယ့်နားရှိနေတဲ့သူက ကိုယ့်အတွက်အကောင်းဆုံးအရာပါပဲ..အကြောင်းမျိုးမျိုးကြောင့်ခွဲခွာသွားရတဲ့အခါ မှရင်မနာစေဖို့ရှိကတည်းကတစ်ယောက်ပေါ်တစ်ယောက်ပိုပြီးကြင်နာနိုင်ကြပါစေ…သိပ်ချစ်ရတဲ့စုံတွဲတိုင်း သေကွဲကွဲခြင်းမှကင်းဝေးနိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ…

 

Be the first to comment

Leave a Reply

Your email address will not be published.


*