
ထာဝရအသက်ရှင်ဖို့ကိုလူတွေကြိုးစားခဲ့တာ အတော်ကို ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် သေခြင်းတရားကို ဘယ်သူမှငြင်းဆန်နိုင်ခြင်းမရှိခဲ့ပါဘူး။ အခုတော့ သေခြင်းတရားကို ငြင်းဆန်နိုင်မယ့် နည်းလမ်းကိုတွေ့ဖို နီးစပ်နေပြီလို့အင်္ဂလိပ်လူမျိုး သိပ္ဗံပညာရှင်Dr Aubrey de Greyကဆိုခဲ့ပါတယ်။
သူကအခုလူတွေများမကြာမီကာလအတွင်းမှာ နှစ်ပေါင်းထောင်နဲ့ချီပြီး နေနိုင်တော့မယ်လို့ ခန့်မှန်းလိုက်ပါတယ်။သူဟာ ပြန်လည်မျိုးပွားခြင်းနဲ့ဆိုင်တဲ့နည်းပညာတွေကိုလေ့လာနေတဲ့အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးCambridgeနဲ့Harrowကဘွဲ့တွေလည်း ရထားပါတယ်။
သူရဲ့ယုံကြည်ချက်က လူတွေဟာ စက်ပစ္စည်းတွေလိုဖြစ်ပြီး အကယ်၍ မကောင်းတဲ့အပိုင်းတွေကိုသာပြင်ဆင်နိုင်ရင် ဒီစက်ယန္တရားကြီးဟာ ထာဝရလည်ပတ်နေမယ်လို့ ဆိုပါတယ်။ သူဟာ California မှာရှိတဲ့ Strategies for Engineered Negligible Senescence (SENS) Research Foundation ကို ပူးတွဲတည်ထောင်သူလည်းဖြစ်ပါတယ်။ ထိုအဖွဲ့အစည်းရဲ့လေ့လာချက်အရ လူတွေအသက်ကြီးရခြင်းမှာ(၇)ချက်ပဲရှိပြီး အဲ့ဒိ(၇)ချက်ကိုသာပြုပြင်နိုင်ရင် လူတွေထာဝရအသက်ရှင်မှာဖြစ်ပါတယ်။
“လူတွေက ထာဝရအသက်ရှင်ခြင်းနဲ့ပက်သက်ပြီး မဖြစ်နိုင်ဘူးလို့ပဲထင်နေကြပါတယ်။ သေခြင်းတရားဟာလွန်ဆန်လို့ မရဘူးလို့ပဲထင်နေကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ သေခြင်းတရားကိုလွန်ဆန်လို့ မရဘူးဆိုတာ မယုံပါဘူး”လို့ သူက Acutuary.comကိုပြောခဲ့ပါတယ်။
“လူရဲ့ခန္ဓာကိုယ်က ကားတွေ၊ လေယာဉ်ပျံတွေလိုပဲဗျ။ သူတို့က ဘဝတစ်လျှောက်အစိတ်အပိုင်းတွေ ယိုယွင်းကြတယ်ဒီလိုယိုယွင်းခြင်းကို ပုံမှန်ပြင်ပေးနိုင်မယ့် နည်းလမ်းကို နောက်ဖပ် နှစ်၂၀၊ ၂၅လောက်ကြာရင်တွေ့ဖို့ ရှိနေပါပြီ။ ဒီသုတေသနကို Googleနဲ့Paypalကလည်း ဘဏ္ဍာရေးထောက်ပံ့ထားတယ်လို့သိရပါတယ်။ မယုံတဲ့သူတွေကလည်း မယုံကြပါဘူး။
Leave a Reply