အိမ်ကရေကို ဘီယာအဖြစ်ပြောင်းပေးနိုင်မယ့်စက်

ဆိုင်သွားဝယ်ရမှာ ပြင်းတယ် သို့မဟုတ် ဘီယာဖိုးပိုက်ဆံထောင်းတယ်ဆိုတဲ့ သူတွေအတွက် အိမ်မှာပဲ စက်တစ်လုံးနဲ့ဘီယာလုပ်နိုင်မှာဖြစ်ကြောင်းသိရပါတယ်။ Sodastreamကနေ ထုတ်လုပ်လိုက်တဲ့ စက်ပစ္စည်းဖြစ်ပါတယ်။ Beer BarKitလို့အမည်ပေးထားပါတယ်။ဒီစက်ကလေးကနေ စက္ကန့်ပိုင်းအတွင်း အိမ်ကနေနဲ့ သူတို့ပေးတဲ့ အမှုန့်နဲ့ကိုရောပြီး ဘီယာထုတ်နိုင်မှာဖြစ်ပါတယ်။ ကုန်ကျငွေ 2ပေါင်ခန့်တိုင်းမှာ ဘီယာ၃လီတာလောက်ရမှာဖြစ်ပါတယ်။ မြန်မာငွေ၃ထောင်ခန့်တိုင်းမှာ ဘီယာ၃လီတာလောက်ရမယ့် သဘောရှိနေပါတယ်။

alcohol 4.5% ပါဝင်မှာဖြစ်ပါတယ်။ သဘာဝဘီယာအတိုင်းကို အရသာရှိစေရမယ်လို့ Sodastreamက အာမခံထားပါတယ်။ Sodastreamရဲ့ CEO Daniel Birnbaumကတော့ “အိမ်မှာပဲ လုပ်လို့ရတဲ့ဘီယာဖျော်စက်ကို ဖြန့်ချီဖို့ ကျွန်တော်တို့အရမ်းစိတ်လှုပ်ရှားနေပါတယ်။” လို့ဆိုခဲ့ပါတယ်။’

လောလောဆယ်မှာတော့ ဂျာမနီနဲ့ဆွစ်ဇာလန်မှာပဲ ဝယ်လို့ရပါသေးတယ်။ ဒီနှစ်အကုန်ပိုင်းနားမှ ကမ္ဘာတစ်ဝှမ်းလုံးကိုဖြန့်ချီမယ်လို့သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*