အချိန်၆ရက်သာကျန်တော့တဲ့ ခင်ပွန်း သည်ကို ကုဖို့ပိုက်ဆံအလှူခံနေတဲ့ အမျိုးသမီး

အသက်(၃၃)နှစ်အရွယ် Kate Brandon ဆိုတဲ့ အမျိုးသမီးဟာ သွေးကင်ဆာခံစားနေရတဲ့ ခင်ပွန်း သည်ရဲ့ အသက်ကိုကယ်တင်ဖို့ GoFundMe ဆိုတဲ့ Page လေးကို ထောင်ပြီးပြီး ပိုက်ဆံစုဆောင်းနေပါတယ်။ စေတနာရှင် အမြောက်အများရဲ့ အကူအညီ လိုအပ်လျှက်ရှိပြီး၊ အမေရိကန်ကို သွားရောက်ပြီး ဆေးကုသမှုလုပ်ဖို့အတွက် ကုန်ကျစာရိတ်ဟာ ပေါင်(4)သိန်းလောက် ကုန်ကျမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အများပြည်သူရဲ့ လှူဒါန်းငွေဟာ ပေါင်(1.5)သိန်းအထိရောက်ရှိနေပြီး သူမရဲ့ ခင်ပွန်းရဲ့အသက်ကို ကယ်တင်နိုင်မယ်လို့ ယုံကြည်နေရှာပါတယ်။ တကယ်တော့ အချိန်ဟာခြောက်ရက်သာ ကျန်တော့ပြီး ဒီရက်ပိုင်းအတွင်းမှ ခွဲစိပ်မှု မပြုလုပ်နိုင်ရင် ခင်ပွန်းသည် Mike ဟာ အသက်ကြာရှည်ရှင်သန်ဖို့ မျှော်လင့်ချက် လုံးဝမရှိတော့ပါဘူး။ သို့သော် ရေနစ်သူတွေလို သူမဟာ နောက်ဆုံးအနေနဲ့ ပြည်သူတွေရဲ့ ကူညီပေးနိုင်မယ့် ကောက်ရိုးမျှင်လေးကို မျှော်လင့်နေရှာပါတယ်။


Kate ဟာ သူမခင်ပွန်းသည် Mike နဲ့အတူရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးကိုကိုလည်း Page မှာတင်ထားပြီး အများပြည်သူကို နှုတ်နဲ့ အကူညီတောင်းခံခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ ခင်ပွန်းအတွက် အမေရိကန်နာမည်ကြီး ကင်ဆာကုသရေးဌာနဖြစ်တဲ့ Anthony Nolan မှာလည်း ဟာ သွေးကင်ဆာရောဂါကြောင့် ယခုနှစ် ဖေဖော်ဝါရီလကတည်းက နာလံမထူနိုင်ဖြစ်နေပြီး လက်ရှိအချိန်မှာတော့ Kate နဲ့ ရင်
သွေးငယ်တစ်ယောက် ရရှိထားပါတယ်။ သူဟာ သွေးကင်ဆာကြောင့် သွေးဖြူဥတွေ သေဆုံးနေပြီး ရင်ဘတ်ကလည်းခဏခဏအောင့်နေပါတယ်။ သူတို့ရဲ့ မင်္ဂလာဦးညတုန်းက ပင်လျှင် Mike ဟာ ပျော်ပျော်ရွှင်ရွှင် ကနိုင်နေပါသေးတယ်။

ဒါ့အပြင် အရိုးဆဲလ်ပျက်စီးမှုတွေကို ကုသဖို့အတွက် အရိုးအစားထိုးကုသမှု အကြိမ်(၂၀) ထက်မနည်း လုပ်ပေးရဦးမှာဖြစ်ပါတယ်။ အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ CAR T-Cell Therapy ကုသနည်းနဲ့ ကုသမှသာ မျှော်လင့်ချက်ရှိမည်ဖြစ်ကြောင်း၊ ဆေးကုသမှုခံယူနေစဉ်မှာ ကင်ဆာရောဂါကာကွယ်ဆေးတွေကိုလည်း သောက်သုံးနေရမှာဖြစ်လို့ ခန့်မှန်းကုန်ကျငွေဟာ ယူရို (4)သိန်းလောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ သူမက GoFundMe Page မှာ ” ကျွန်မခင်ပွန်းရဲ့ အသက်ကို ကယ်တင်ဖို့ ယူရို 4 သိန်းလောက် လိုပါတယ် …

ကျွန်မတို့မှာ ရှင်တို့ မကူညီပဲ ဒီကိစ္စကိုလုပ်နိုင်မှာမဟုတ်ပါဘူး … ဒီအတွက် ကျွန်မတို့ Page လေးကို တက်နိုင်သလောက် Share လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါရစေ … ဒါ့အပြင် ရှင်တို့အနေနဲ့လည်း တတ်နိုင်သလောက် လှူဒါန်းကြပါဦးလို့ … အသနားခံပါတယ် … ကျွန်မရဲ့ အခုလုပ်ရပ်ကို Mike အနေနဲ့ လုပ်စေချင်မှာ မဟုတ်ပါဘူး … ဒါပေမယ့် ကျွန်မရင်ထဲမှာ သိပ်မြတ်နိုးရတဲ့ ခင်ပွန်းကို ဒီလိုပုံစံနဲ့ ထွက်သွားခွင့် မပြုပါရစေနဲ့ … ဒါကြောင့် တတ်နိုင်သလောက် ကူညီကြပါဦး … အဲဒီ အတွက်လည်း လှိုက်လှိုက်လှဲလှဲကျေးဇူးတင်နေပါရစေ … ” လို့ ဖွင့်ဟခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*