
တရုတ်နိုင်ငံမှာ မြွေဟောက်ဘုရင်မဆိုပြီး နာမည်ကြီးနေတဲ့ အမျိုးသမီးတစ်ယောက်ရှိပါတယ်။ တရုတ်ရဲ့ Cobra Queen လို့ခေါ်ကြ၊လူသိများရတဲ့ အကြောင်းအရင်းကတော့ မြွေတွေ အများကြီး မွေးမြူထားလို့ပါ။သူမရဲ့ နာမည် ကတော့ Hu Xiaoxia ပါ။Hu Xiaoxia ဟာ Chongqing ဆိုတဲ့ မြို့မှာ ကိုယ်ပိုင်မြွေသားဖောက် မွေးမြူထားတဲ့ ခြံတစ်ခြံ ပိုင်ဆိုင် ထားသူပါ။ အဲ့ဒီမှာ မြွေတွေ အများကြီးကို မွေးမြူစောင့်ရှောက်ထားတာပါ။မြွေတွေကို (၂၀၁၄) တည်းက မွေးလာခဲ့တာဖြစ်ပြီးအကောင်ရေ တစ်ထောင်လောက်ရှိတယ်လို့ သိရပါတယ်။
မြွေတွေနဲ့ပတ်သက်ပြီး အများကြီး သင်ယူလေ့လာခဲ့ပါတယ်။သူမမွေးမြူထားတဲ့ မြွေတွေက အမျိုးအစား တစ်ခု တည်း မဟုတ်ပါဘူး။အမျိုးအစား မျိုးစုံဖြစ်ပြီး မြွေဟောက်လည်း ပါပါတယ်။မြွေတွေ မွေးထားတဲ့ အခန်းကို သန့်ရှင်းရေး လုပ်တဲ့ အလုပ်နဲ့ သူမရဲ့ တစ်နေ့တာ မနက်ခင်းကို စတင်သူပါ။မြွေတွေ နေဖို့အတွက် အပူချိန်နဲ့စိုထိုင်းဆ အဆင်ပြေ၊မပြေ စစ်ဆေးပေးရတယ်လို့ Hu ကပြောပါတယ်။
Hu က မြွေဝိုင်ဆိုပြီးတော့လည်း ထုတ်ရောင်းပါတယ်။အဲ့ဒီဝိုင်ဟာ ဆေးဖက်ဝင်တယ်၊ကျန်းမာရေးအတွက် အထောက် အကူဖြစ်တယ်ဆိုပြီး ဒေသခံတွေကတော့ ဆေးဖြစ်ဝါးဖြစ်မှီဝဲကြပါတယ်။မြွေဟောက်အရေပြားဟာ ရေပူ တွေကို သန့် စင်ပေးနိုင်တဲ့ (hot-water purifier)လို့ တရုတ်တိုင်းရင်းဆေးလောကမှာယူဆထားကြပါတယ်။မြွေဟောက် ဟာ အဆိပ်အရမ်းပြင်းတဲ့ မြွေအမျိုးအစားဆိုပေမယ့် သူမကတော့ နေ့စဉ်ထိတွေ့ဆက်ဆံကြောင်း၊မြွေ ဟောက် ကိုက်ရင် ဘာလုပ်ရမလဲဆိုတာကို သိသင့်ကြောင်း၊ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ရမယ်ဆိုတာကို လည်း သိထားသင့် တယ်လို့ Hu ကပြောခဲ့တယ်လို့ asiaone မှာ ဖော်ပြထားပါတယ်။
Leave a Reply