ပိုးဟပ် တွေကို နှိမ်နှင်းနိုင်မယ့် ကရဝေးရွက်

အိမ်တွေရဲ့ ကြားတွေ ဒေါင့်တွေမှာ ပိုးဟပ် ကတော့ တချိန်မဟုတ် တချိန် တွေ့ရပါတယ်။ ပိုးဟပ် တွေ အစားအစာ နားလာထားရင် ပိုးဟပ် စော်နံပြီး အစားအစာ တွေလည်း လွှတ်ပစ်ရပါတယ်။

ပိုးဟပ် ထိတွေ့ထားတဲ့ အစားအစာ တွေ စားသုံးရင် ဝမ်းပျက်ဝမ်းလျော တို့ အစာ အဆိပ်သင့် တာတို့လည်း ဖြစ်နိုင်ပါတယ်။

အမြဲတမ်း Insect Killer စပရေး ဗူးတွေနဲ့လည်း မသတ်ချင်သူတွေအတွက် ပိုးဟပ် တွေ ထွက်ပြေးမယ့် အရွက် ရှိပါတယ်။ အဲ့ဒါက ကရေဝေးရွက်ပါ။


ကရဝေးရွက်

ကရေဝေးရွက် က ပိုးဟပ် တွေကိုတော့ မသေစေနိုင်ပါဘူး။ ဒါပေမယ့် ကရဝေးရွက် ရဲ့ အနံ့ကို ပိုးဟပ် တွေ မခံနိုင်တာကြောင့် ကရေဝေးရွက် ထားထားတဲ့နေရာမှာ ပိုးဟပ် တွေ မလာပါဘူး။

ဒါကြောင့် ကရဝေးရွက် ကို အိမ်ရဲ့ချောင်ကြိုချော်ကြားတွေ၊ ရေခဲသေတ္တာ အနောက်တွေ၊ သိမ်းထားတဲ့ အိုးခွက်ပန်းကန်တွေနားမှာ စတဲ့ ပိုးဟပ် တွေ လာတတ်တဲ့နေရာတွေမှာ ထားထားပေးပါ။

ကရဝေးရွက် အခြောက်ဘဲ ဖြစ်ဖြစ် အစိုဘဲဖြစ်ဖြစ် ထားထားလို့ရပါတယ်။ များများထားလေလေ ပိုးဟပ် မလာလေလေပါဘဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*