
Mirror သတင်းဌာနကနေ ဈေးကွက်ထဲကို နေ့စဉ်လိုလိုရောက်ရှိနေတဲ့ ပုဇွန်ထုတ်ပိုးမှုပုံစံတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ပုဇွန်ဟာ ပင်လယ်စာတစ်မျိးဖြစ်ပြီး နိုင်ငံတိုင်းလိုလို အမြတ်တနိုးနဲ့ တန်ဖိုးထားပြီး ဈေးကြီးပေး စားသုံးနေကြတဲ့ အစားအစာ ဖြစ်ပါတယ်။ အကောင်ကြီးသွားတာနဲ့အမျှ ဈေပိုကောင်းလေ့ရှိတာကတော့ ပုဇွန် ဖြစ်ပါတယ်။
၎င်းပုဇွန်တွေကို ဈေးကွက်ထဲ တင်ပို့ခြင်းမပြုမီမှာ ပုဇွန်တွေ အလေးချိန်စီးဖို့၊ အချိန်ကြာသည်အထိ ပုပ်သိုးမှုမရှိစေဖို့၊ အရွယ်အစား ကြီးမားပြီး ဈေးကောင်းရစေဖို့ ရည်ရွယ်ပြီး ဆေးထိုးအပ်ကို အသုံးပြုကာ ဂျယ်လီဆေးအမျိုးမျိုးနဲ့ Carboxymethyl ဓာတုဗေဒဆေးရည်တွေ ထိုးထည့်ကာ စီမံကြပါတယ်။
အရင်ဦးဆုံး ပုဇွန်ရဲ့ အမြှီးထဲကို ဆေးထိုးထည့်ပြီး၊ နောက် ခန္ဓာကိုယ်ဗိုက်ထဲကိုလည်း ဆေးထိုးထည့်ပါတယ်။ ပြီးလျှင် ပုှဇွန်ပါးဟပ်လို့ပြောလို့ရမယ့် နေရာအောက်ကိုလည်း ဆေးထိုးထည့်ပါတယ်။ ဒီနည်းနဲ့ အလေးချိန် 1.15 ကီလိုဂရမ်မှ 1.2 ကီလိုအထိ အလေးချိန် ရအောင် လုပ်လို့ရတယ်လို့ သိရပါတယ်။
အဆိုပါ လုပ်ဆောင်ပုံကို Vietnamese TV ကနေ တရားဝင်ပြသခဲ့တာလို့ သိရပြီး ပြည်သူလူထုအနေနဲ့ ရှောင်ရှားနိုင်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဗွီဒီယိုထဲမှာပါတဲ့ ပုဇွန်တွေကတော့ Tiger Prawn လို့ လူသိများတဲ့ ပုဇွန်အမျိုးအစားဖြစ်ပြီး Carboxymethyl cellulose သို့မဟုတ် CMC လို့ အမည်ရတဲ့ ဓာတုဗေဒဆေးကိုလည်း တွင်တွင်ကျယ်ကျယ် ထိုးထည့်လေ့ရှိတယ်လို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံမှာတော့ အဲဒီ Tiger Prawn ကို သြစတေးလျှဈေးကွက်ကို အဓိကတင်ပို့လေ့ရှိပြီး ပိုလျှံရင် ပြည်တွင်းကိုပြန်လည်ရောင်းချတယ်လို့ သိရပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကိုလည်း တင်ပို့လေ့ရှိပြီး ဒီနည်းကိုပဲ တွင်တွင်ကျယ်ကျယ် သုံးကြတယ်လို့ သိရပါတယ်။
Leave a Reply