ပိုက်ဆံလုံးဝမယူပဲ အရက်အကောင်းစားတွေချည်း ရွေးခိုးသွားတဲ့ သစ္စာရှင်သူခိုးနှစ်ယောက်

အမေရိကန်နိုင်ငံ၊ ကာရိုလိုင်းနားတောင်ဖက်၊ လက်ဆင်တန်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ သောကြာနေ့က ဖောက်ထွင်းမှုတစ်ခု ဖြစ်ခဲ့ပြီး ပြည်နယ်ရဲတပ်ဖွဲ့ အလုပ်ရှုပ်သွားခဲ့ရပါတယ်။

လက်ဆင်တန်ပြည်နယ်ထဲက အရက်ပုလင်းတွေချည်းရောင်းတဲ့ဆိုင်တစ်ဆိုင်ကို လူနှစ်ဦးက ခဲရာခဲဆစ် ဖောက်ထွင်းသွားခဲ့တာဖြစ်ပြီး အရောင်းကောင်တာထဲမှာ ပိုက်ဆံတွေရှိနေပေမယ့် အဲဒါတွေကို လက်ဖျားနဲ့တောင် ထိမသွားခဲ့ကြပါဘူး။


လက်ဆင်တန်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ သူခိုးနှစ်ယောက်ရဲ့ ရည်ရွယ်ချက်ဟာ အရက်ပုလင်းတွေကလွဲပြီး ဘာမှ မရှိခဲ့ပါဘူး။ မျက်နှာဖုံးစွပ်ထားတဲ့ လူနှစ်ယောက်ဟာ GMC ပစ်ကပ်ကားတစ်စီးနဲ့ဆိုင်အနီးကိုရောက်လာခဲ့ပြီး ကားကိုနောက်ပြန်မောင်းကာ ဆိုင်တံခါးကို ဖျက်ဆီးပစ်ခဲ့ပါတယ်။

တံခါးပွင့်သွားတဲ့အချိန်မှာတော့ ဆိုင်ထဲမှာ ရှိတဲ့ အရက်ပုလင်းတွေကို အမြန်ဆုံး ရွေးချယ်ယူငင်ခဲ့ကြပြီး သူတို့ရဲ့ ကားပေါ် ပစ်တင်လို့ ရဲတွေ ရောက်မလာခင်အချိန်မှာ ပြန်လည်ထွက်ပြေးသွားခဲ့ကြတာပါ။

အဲဒီအချိန်မှာ အရောင်းကောင်တာရဲ့အနောက်ဖက်ဆီမှာ ရောင်းရငွေတွေ ရှိနေသေးပေမယ့်လည်း သူခိုးတွေကတော့ သူတို့လိုချင်တဲ့ အရက်ပုလင်းတွေကိုသာ အမြန်ရှာဖွေနေခဲ့ပြီး လိုချင်တာတစ်ခု ရှာတွေ့တိုင်း ကားပေါ်က အိတ်ထဲကို သွားပြီး ပစ်ထည့်နေခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုတွေ ပြီးဆုံးသွားတဲ့နောက်မှာတော့ သူုခိုးတွေဟာ အကောင်းစား အရက်ပုလင်းတွေကိုသာ ရွေးချယ်ခိုးယူသွားခဲ့ကြတာဖြစ်ပြီး သူတို့ယူသွားတဲ့အရက်ပုလင်းတွေက ပေါင် ထောင်နဲ့ချီပြီး တန်ဖိုးရှိနေပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာတော့ ဒီဖြစ်ရပ်ဟာ နာမည်ကြီးနေခဲ့ပြီး ပိုက်ဆံထက် အရက်ပုလင်းကိုမက်တဲ့ သူခိုးတွေဟာ တကယ့်ကို သစ္စာရှင်သူခိုးတွေဖြစ်တယ်လို့ အားလုံးက ဟာသလုပ်နေခဲ့ကြပါတော့တယ်…။

Be the first to comment

Leave a Reply

Your email address will not be published.


*