ကားအက်စီးဒင့်ကြောင့် ကိုမာဖြစ်သွားခဲ့ရပြီး ပြန်နိုးထလာချိန်မှ ထီပေါက်မှန်းသိခဲ့ရတဲ့ စက်ရုံအလုပ်သမားရဲ့အဖြစ်

အသက် 29 နှစ်အရွယ် စက်ရုံအလုပ်သမားတစ်ယောက်ဟာ သူ့ဘဝရဲ့အစောပိုင်းက တစ်ချိန်လုံးကံဆိုးမှုတွေနဲ့သာကြုံဆုံခဲ့ရပေမဲ့လည်း ကိုမာဖြစ်ပြီးနိုးထလာခဲ့ချိန်မှာတော့ RM 23,068,643 (မြန်မာငွေ သန်းပေါင်း 8000 ကျော်) ထီဆုကြီးရဲ့ ကံထူးရှင်ဖြစ်နေခဲ့ပါတယ် ။ Tuah အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ ပြီးခဲ့တဲ့ နှစ်က သူမောင်းနှင်လာခဲ့သောကားနှင့် ကုန်တင်ကားတို့ ယာဉ်တိုက်မှုဖြစ်ခဲ့ပြီးနောက်မှာတော့ သူ၏ကျန်မာရေးအခြေအနေဟာဆိုးဝါးခဲ့ပြီး 2လခန့်ကိုမာဖြစ်သွားခဲ့ရပါတယ် ။

ယာဉ်မတော်တဆမှုဖြစ်ပွားပြီးနောက်မှာလည်း Tuah ရဲ့ဘဝဟာ ကံဆိုးနေတုန်းပါပဲ ။ သူ၏ကျန်းမာရေးအခြေအနေကြောင့် စက်ရုံကနေ အလုပ်ထွက်ခဲ့ရတဲ့အပြင် သူ၏ဘဝ 8နှစ်လုံးလုံးဟာလည်း တစ်ခါးမှကံကောင်မှုမျိုး မကြုံခဲ့ရပါဘူး ။ သို့ပေမဲ့လည်း ပြီးခဲ့တဲ့ January 12 ရက်နေ့မှာတော့ Tuah ဟာ သူထိုးထားတဲ့ သိန်းထီဂဏာန်းပေါက်သွားခဲ့တာကို သိရှိခဲ့ရပြီးနောက် မယုံနိုင်လောက်အောင်ဖြစ်နေခဲ့ရပါတယ် ။

Tuah ကတော့ ” ဘုရားသခင်းရဲ့ ကောင်းချီးပေးမှုတွေကြောင့် ဒီအခက်အခဲတွေ ကျော်လွှာနိုင်ပါပြီ ” ဆိုပြီး ပြောဆိုခဲ့ပြီးနောက် အစ်ကိုဖြစ်သူနှင့်အတူ ဆုကြေးငွေ သွားရောက်ထုတ်ယူခဲ့ပါတယ် ။ ငွေတွေကို ဘယ်လိုသုံးမှာလည်း ဆိုပြီးမေးမြန်းခဲ့ချိန်မှာတော့ Tuah က ” ကျွန်တော့်ရဲ့အကြွေးတွေ အကုန်ဆပ်ပြီး အိမ်ဝယ်မယ် ပြီးရင် အမေကလည်း အလုပ်ကနေထွက်ပြီး ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းလို့ရပါပြီ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*