တန်ဖိုးကြီး ပစ္စည်းတွေနဲ့ပါလက်ထပ်ခွင့်တောင်းသော်လည်း ကြေကွဲခဲ့ရတဲ့ မိန်းကလေး

တန်ဖိုးကြီး ပစ္စည်းတွေနဲ့ပါလက်ထပ်ခွင့်တောင်းသော်လည်း ကြေကွဲခဲ့ရတဲ့ မိန်းကလေး

မိန်းကလေး တိုင်းကတော့ ကိုယ့်ကိုတန်ဖိုးထားပြီး လက်ထပ် ယူဖို့ ခမ်းခမ်းနားနား လက်ထပ်ခွင့်တောင်းတာကို ကြုံချင်ကြတဲ့လူတွေချည်းပါပဲ။ အာရှသားတွေရဲ့အယူအရတော့ အခုလို လက်ထပ်ခွင့်တောင်းတဲ့အခါ အမှတ်တရနဲ့ ဓလေ့တွေအရ ပစ္စည်းတွေနဲ့ပါ တင်တောင်းကြတာ ထုံးစံတစ်ခုလိုဖြစ်နေပါပြီ။ ဒါပေမဲ့ တရုတ်ပြည်က မိန်းကလေးတစ်ယောက်ကတော့ လက်ထပ်ခွင့်အတောင်းခံဖို့ထက် သူ့စိတ်သဘောအတိုင်း သူကိုယ်တိုင်သူ့ ချစ်သူ ကို ပြီးခဲ့တဲ့ (၁၅.၈.၂၀၁၈)ရက်နေ့က လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

ရှောင်ကျင်းအမည်ရှိ ၂၃နှစ်အရွယ်အမျိုးသမီးလေးဟာ ချမ်းသာတဲ့ မိသားစုကပဲဖြစ်ပါတယ်။ သူနဲ့သက်တူရွယ်တူရှိပြီး အရမ်းချစ်ရတဲ့ ချစ်သူကောင်လေးနဲ့ လက်ထပ်ဖို့အတွက် သူကိုယ်တိုင်ပဲ တန်ဖိုးကြီးပစ္စည်းတွေနဲ့အတူ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ နေရာကတော့ မီတာ (၃၀) မြင့် Zhangjiajie မှန်တံတားမှာပါ။ အမျိုးသမီးလိုချင်တာက သူ့ချစ်သူဟာ သူနဲ့လက်ထပ်မယ်ဆိုလျှင် မှန်တံတား အစကနေ သူရှိနေတဲ့နေရာအထိ လမ်းလျှောက်လာရုံပါပဲ။ ခေါင်းငြိမ့်ပြီး သူ့ဆီရောက်လာတာနဲ့တပြိုင်နက် အသစ်စက်စက်ကားတစ်စီးရယ်၊ RM600K ထည့်ထားတဲ့ ငွေသေတ္တာရယ်အပြင် သူ့ကိုပါ လက်ထပ်နိုင်မှာပဲဖြစ်ပါတယ်။

သာမန်လူတွေအတွက်တော့ ဒီအခွင့်အရေးဟာ ဘဝမှာ အကောင်းဆုံးအခွင့်အရေးဖြစ်ပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်က လက်ထပ်ဖို့ တင်တောင်းစရာမလိုတဲ့အပြင် ယောက်ျားလေးဖြစ်တဲ့ ကိုယ့်ကို တန်ဖိုးကြီးကားနဲ့ ငွေတွေနဲ့ကို သုံးနှစ်တာလက်တွဲလာတဲ့ ချစ်သူလေးက တင်တောင်းတယ်ဆိုတာ အိပ်မက်တောင်မက်ဖူးမှာမဟုတ်ပါဘူး။ ဒီလို အယောက် (၅၀) မှာ (၁) ယောက်ပဲ ရနိုင်တဲ့အခွင့်ရေးကို ရခဲ့ပေမယ့်လည်း ရှောင်ယုကတော့ မပျော်နိုင်ဖြစ်ခဲ့ရရှာတယ်။ ဘာ့ကြောင့်လဲဆိုတော့ ချစ်သူနဲ့လက်ထပ်ခွင့်ရဖို့အတွက် အောက်ခြေကို တိုးလျှိုပေါက်မြင်နေရတဲ့ မှန်တံတားပေါ်ဖြတ်လျှောက်ရမှာမို့လို့ပါ။ ရှောင်ယုဟာ အမြင့်ကြောက်တတ်တဲ့ စိတ်ရောဂါရှိနေသူတစ်ယောက်ပါ။

ဒီလိုကိုယ့်ချစ်သူ အမြင့်ကြောက်မှန်းသိရက်သားနဲ့ အားနည်းချက်ကိုအသုံးချကာ လက်ထပ်ခွင့်တောင်းတာ ရည်ရွယ်ချက်တစ်ခုတည်းအတွက်ပါ။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတော့ သူသာ လက်ထပ်ဖို့ကိစ္စနဲ့ အခုလို အကြပ်ကိုင်ခဲ့လျှင် ရှောင်ယုရဲ့ အမြင့်ကြောက်တဲ့ စိတ်ရောဂါလည်း အနည်းနဲ့အများ သက်သာသွားလိမ့်မယ်ဆိုပြီး ကူညီချင်စိတ်နဲ့ တစ်ချက်ခုတ်နှစ်ချက်ပြတ်သဘောနဲ့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့လည်း ဘေးကသူငယ်ချင်းတွေရော၊ သူကိုယ်တိုင်ပါ အမျိုးမျိုး ဖြောင်းဖြ၊ တွန်းပို့ခဲ့သော်ငြားလည်း ရှောင်ယုမှာ ကြီးစိုးနေတဲ့ အမြင့်ကြောက်တတ်တဲ့စိတ်ဟာ ခြေတစ်လှမ်းချဖို့တောင် ဘယ်ကမှ သတ္တိတွေမပေးခဲ့ပါဘူး။

လူပုံအလယ်မှာ အစီအစဉ်တွေနဲ့ ဓာတ်ပုံဆရာတွေပါ ငှားပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသမီးလေးဟာ သူ့ချစ်သူရဲ့ သတ္တိမရှိမှုကြောင့်ပဲ ဝမ်းနည်းကြေကွဲကာ အရှက်ရခဲ့ပါတော့တယ်။ ရှောင်ယုကတော့ လမ်းတစ်ဝက်ရောက်ဖို့နေနေသာသာ ခြေလှမ်းသုံးလှမ်းပြည့်အောင်တောင် မလှမ်းခဲ့ဘဲ လှည့်ပြန်သွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဟာ တရုတ်နိုင်ငံရဲ့ လူမှုကွန်ယက်တွေပေါ်မှာ နာမည်ကြီးနေပြီး လူတွေရဲ့ထင်မြင်ယူဆချက်တွေဟာလည်း အမျိုးမျိုးကို ထင်ကြေးပေးနေပါတယ်။ လက်ထပ်ခွင့်တောင်းတာဟာ တမင်ဖန်တီးထားတာဖြစ်တယ်လို့ ဝေဖန်မှုတွေများနေပေမယ့်လည်း မှန်တံတားရဲ့ တာဝန်ရှိသူတွေနဲ့ ဓာတ်ပုံ၊ ဗီဒီရိုမှတ်တမ်းတင်ဖို့ ငှားထားတဲ့ အဖွဲ့တွေကတော့ ဒါဟာ တကယ်လက်ထပ်ခွင့်တောင်းတာဖြစ်ကြောင်း ကူညီပြောဆိုမှုတွေလည်း ရှိနေပါတယ်။

Comment တွေအရ အမျိုးသမီးကို အမြင့်ကြောက်တဲ့စိတ်ရောဂါရှိတာကို ဒီလိုအကြပ်ကိုင်တာဟာ မလုပ်သင့်တဲ့အပြုအမူဖြစ်တာကြောင့် အပြစ်တင်နေသလို တချို့ကျပြန်တော့လည်း အမျိုးသားကို သူရဲဘောကြောင်တယ်ဆိုပြီး ပြောဆိုနေကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*