
Covid-19 ရောဂါဟာ လက်ရှိအနေထားထိ အရှိန်ဟုန်ပြင်းပြင်းနဲ့ပျံ့နှံ့လျက်ရှိပြီး လက်ရှိမှာတော့ ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ ညီမဖြစ်သူ မနွေးနွေးလှိုင်တို့ ဇနီးမောင်နှံဟာ Covid-19 Positive ဖြစ်ကြောင်းတွေ့ရှိခဲ့ပီး Quarantine ဝင်ခဲ့ကြရတယ်လို့သိရပါတယ် ။ နန္ဒာလှိုင်ညီမရဲ့ ခင်ပွန်းဖြစ်သူ ဦးငွေဇော်ကတော့ ဒီနေ့ စက်တင်ဘာလ (၁၉) ရက်နေ့ မနက်ပိုင်းမှာပဲ ကွယ်လွန်သွားခဲ့ပါတယ် ။
နန္ဒာလှိုင်ရဲ့ မောင်အငယ်ဆုံးဖြစ်တဲ့ စိန်ဖြိုးလှိုင်ကလည်း ကျွန်တော် ဒီနေ့ကစပြီး Hotel Quarantine 14 ရက်ဝင်နေပါတယ်။ကျွန်တော်နဲ့ အိမ်ခွဲနေတဲ့ အစ်မနဲ့ သူ့အမျိုးသား Positive ဖြစ်လို့ သူ့ကလေးသုံးယောက် ကို အိမ်အကူနဲ့ပဲ Quarantine ဝင်ခိုင်းဖို့အစဉ်မပြေတာရယ် ၈၂ နှစ် အဖွားတစ်ယောက်ပါနေတာရယ်ကြောင့် စိတ်မချလို့လိုက်သွားတာပါ။အစ်မနဲ့က အိမ်ခွဲနေတဲ့အပြင် ဒုတိယလှိုင်း စကတည်းက အိမ်ကလူကြီးတွေ ကိုစိုးရိမ်လို့အိမ်လုံးဝမလာတော့ ထိတွေ့မှုလုံးဝမရှိပါဘူး။ အဲ့တော့ ကျွန်တော်နဲ့ ဒီရက်ပိုင်းတွေ့ခဲ့တဲ့လူတွေဆိုးရိမ်စရာမလိုပါဘူး။ ဆိုတဲ့စာသားလေးနဲ့အတူ တူ၊ တူမတွေနဲ့အတူ Q ဝင်နေကြောင်းလူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။
ပရိသတ်အချို့က အိမ်ခွဲနေတဲ့ အစ်မနဲ့သူ့အမျိုးသား ဆိုသူကို နန္ဒာလှိုင်နဲ့ ဦးဇေသီဟ တို့ ဇနီးမောင်နှံလို့ အထင်မြင်မှားခဲ့ကြပေမယ့် မလတ်နဲ့ ကိုဇေက အိမ်မှာပါ Positive မဟုတ်ပါဘူး လို့ ပြန်လည် ဖြေရှင်းခဲ့ပါတယ် ။ ကွယ်လွန်သွားတဲ့ ဦးငွေဇော်အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းမိပါတယ် ။
Source: Sein Phyo Hlaing
Leave a Reply