အဆောင်မှာနေတဲ့ ယောကျာၤးလေးတွေရဲ့ ကယ်တင်ရှင်ဖြစ်သွားခဲ့တဲ့ ကြောင်လေးရဲ့အဖြစ် ( ရုပ်သံ)

တစ်ခါတစ်လေမှာတော့ လူတွေဟာ သေးငယ်တဲ့အကောင်တွေ ၊ ရိုးရှင်းလွန်းလှတဲ့အရာတွေကိုကြောက်လန့်တတ်ကြပါတယ် ။ အထူးသဖြင့် ပိုးဟပ် ၊ အိမ်မြောင် ၊ ကြွက် စတဲ့အကောင်လေးတွေပေါ့ ။

တစ်ခါတစ်လေ ကြောက်လန့်လွန်းလို့ အော်မိအော်ရာ အော်သွားမိတဲ့အထိပါပဲ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ video မှာဆိုရင်တော့ အိမ်တိုင်းလိုလို ကြောင်မွေးထားသင့်တယ်လို့ပြောရလောက်မဲ့ အထိပါပဲ ။ ဘာလို့လည်း ဆိုရင်တော့ ကောင်လေးတွေဟာ သူတို့နေထိုင်နေတဲ့ အဆောင်အိမ်ထဲမှာ ရှိနေတဲ့ကြွက်တစ်ကောင်ကိုဖမ်းဖို့ကြိုးစားနေခဲ့ကြတာပါ ။ ထို့ကြောင့် အိမ်မှာရှိတဲ့ တုတ်တွေ ၊ တံမြတ်စည်းတွေ ၊ ကော်ပြားတွေ စတဲ့ပစ္စည်းမျိုးကိုကိုင်ပြီး အော်ကြီးဟစ်ကျယ်ဖမ်းဖို့ကြိုးစားနေခဲ့ကြတာပါ ။

ဒါကိုသိနေတဲ့ ကြွက်ကလည်း ခုံအောက်ထဲမှာပုန်းအောင်းနေရာမှ လုံးဝထွက်မလာတော့ဘူး ။ ဒါကြောင့် ကောင်လေးတစ်ယောက်က အိမ်မှာမွေးထားတဲ့ Tom အမည်ရှိတဲ့ ကြောင်လေးကိုခေါ်လာပြီး ကြွက်ဖမ်းခိုင်းခဲ့ပါတယ် ။ ကောင်လေးတွေမှာတော့ ကြွက်ကိုလည်း ကြောက်လန့်နေကြပုံရပြီး ” လုပ်စမ်းပါ Tom ” ဆိုပြီးအော်ဟစ်ကာ Tom ကိုသာ အားကိုးနေခဲ့ကြပါတယ် ။

ထို့နောက် စက္ကန့်အနည်းငယ်အကြာမှာပဲ ကြောင်လေး Tom ဟာ ကြွက်ကိုဖမ်းနိုင်ခဲ့ပါတယ် ။ ထိုအချိန်မှာတော့ ကောင်လေးတစ်အုပ်စုလုံးက ကြောင်လေးကသူတို့ကို ကယ်တင်လိုက်တဲ့ပုံစံမျိုးနှင့် အော်ဟစ်ကာအောင်ပွဲခံခဲ့ကြပါတယ် ။ အဆိုပါညမှာတော့ သူရဲကောင်းကြောင်လေးကိုဆုချတဲ့အနေနဲ့ ကောင်လေးတွေက အခန်းထဲက ကုတင်ပေါ်မှာအိပ်စေခဲ့ပြီး ၎င်းတို့မှာတော့ အပြင်ဖက်ဧည့်ခန်းထဲမှာအိပ်ခဲ့ကြကြောင်း ပြောဆိုသွားခဲ့ပါသေးတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*