မင်္ဂလာမောင်နှံပေါင်း ၁၆၀ ကျော် အတူတကွကျင်းပခဲ့ လက်ထက်ပွဲကြီး

ဖိလစ်ပိုင်နိုင်ငံမှာ စုံတွဲပေါင်း ၁၆၀ ကျော်ပါ၀င်တဲ့ လက်ထက်ပွဲကြီးကို ဖေဖော်ဝါရီ (၁၃) နေ့မှာ ကြီးကျယ်ခန်းနားစွာကျင်းပခဲ့ပါတယ်။ဒီပွဲကြီးဟာ ဖိလစ်ပိုင်လက်လုပ်လက်စား ပြည်သူတွေအတွက်တော့ မဟာအခွင့်အရေးကြီးလို့ပြောရမှာပါ။ဖိလစ်ပိုင်နိုင်ငံဟာ မင်္ဂလာဆောင်စရိတ်စခ အလွန်ကုန်ကျတာကြောင့် အောက်ခြေလူတန်းစားတွေအတွက်တော့ အခက်အခဲဖြစ်စေပါတယ်။တချို့ဆိုရင် အသက်ကြီးပြီး ကလေးတစ်တွေတောင်အရွှယ်ရောက်တဲ့ အချိန်ရောက်ကာမှ ပြန်လည်လက်ထက်ရတဲ့ သူတွေလည်း အများကြီးပါ၀င်ပါတယ်။

ဒေသန္တရအစိုးရက အကုန်အကျခံ ကျင်းပပေးတဲ့ ဒီစုပေါင်းလက်ထပ်ပွဲကို မနီလာမြို့တော် အနောက်ပိုင်းက ဆူဘစ်မြို့မှာ ပြုလုပ်ခဲ့ပြီး မင်္ဂလာမောင်နှံ ၁၆၄ တွဲဟာ တစုတဝေးတည်း ချစ်သစ္စာ တိုင်တည်ခဲ့ကြတာပါ။

ချို့တဲ့တဲ့ ဒေသခံတွေနဲ့ တိုင်းရင်းသားတွေအတွက် ဒီမင်္ဂလာပွဲမျိုးကို ဆီဘူးမြို့ အစိုးရအဖွဲ့က ဦးဆောင်ကျင်းပပေးတာ ဖြစ်ပါတယ်။

“နှစ်တိုင်း ကျနော်တို့နယ်ခံတွေအတွက် တစုတစည်းတည်း မင်္ဂလာပွဲ ကျင်းပပေးလေ့ ရှိပါတယ်။ လက်ထပ်ဖို့ ကုန်ကျစရိတ်များတယ်လို့ တွေးကြတဲ့ သူတို့အတွက် တကယ့်ကို အကူအညီ ဖြစ်ပါတယ်။ ဒါ ကျနော်တို့ ဒေသန္တရအစိုးရက ပြန်ပေးတဲ့ အမှုထမ်းမှုတခုပါပဲ” လို့ ဆူဘစ်မြို့တော်ဝန်က ပြောပါတယ်။

အသက် ၅၇ နှစ်အရွယ် ဘာနာတီဒါနဲ့ သူ့သတို့သား ဂျိုးတို့ဟာ အတူနေလာတာ ၃၅ နှစ်ရှိပြီဖြစ်ပြီး သူတို့မှာ ကလေး ၃ ယောက်ရှိပါတယ်။

အခုတော့ ကုန်ကျစရိတ်လည်းမရှိဘဲ မင်္ဂလာဆောင်နိုင်တဲ့အပြင် တရားဝင် အကြင်လင်မယားလည်းဖြစ်ဖို့ ဒီလက်ထပ်ပွဲမှာ သူတို့ ပါဝင်ခဲ့ကြတာပါ။

“ကျမတို့ သက်ဆုံးတိုင်ပေါင်းဖို့ ရည်ရွယ်ထားတယ်။ ဒီလိုမင်္ဂလာပွဲမျိုးကို ကျမဘဝတလျှောက်လုံး ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ သူ့ဆီက ကျမ ဘယ်တုန်းကမှ မကြားခဲ့ရဘူးတဲ့ သစ္စာစကားကိုလည်း ဒီအချိန်၊ ဒီအခါမှာပဲ ကျမ ကြားခဲ့ရတယ်လေ” လို့ သူက ပြောပါတယ်။

အသက် ၃၀ အရွယ် ရိုဆာနဲ့ ဘရန်ဒိုတို့ကတော့ အီတာမျိုးနွယ်စုကဖြစ်ပြီး ရိုးရာအရ လက်ထပ်ထားတာ ၁၂ နှစ်ကြာပြီဖြစ်ပေမယ့် ဥပဒေအရ ရပိုင်ခွင့်ရှိဖို့ အခု စုပေါင်းလက်ထပ်ပွဲမှာ ပါဝင်ခဲ့ကြသူတွေပါ။

ဖိလစ်ပိုင်မှာ မင်္ဂလာပွဲတပွဲကို ဒေါ်လာ ၆၀၀ လောက် ကုန်ကျလေ့ရှိပါတယ်။

ဒီပမာဏဟာ လူလတ်တန်းစားနဲ့ လက်လုပ်လက်စား လူတန်းစားအတွက် ကုန်ကျနိုင်တဲ့ အခြေအနေမဟုတ်လို့ အခုလိုလက်ထပ်ပွဲက သူတို့အတွက် ထူးခြားတဲ့ မင်္ဂလာပွဲလည်း ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*