လက်တွဲသင့်သူကို ရှာမရလို့ ကျောက်တုံး နဲ့ လက်ထပ်ခဲ့သူ

လက်တွဲသင့်သူကို ရှာမရလို့ ကျောက်တုံး နဲ့ လက်ထပ်ခဲ့သူ

ဗြိတိန်က ပန်းချီဆရာမလေး ထရေစီအီမင်ဟာ ယောက်ျားအများစုက စိတ်ပျက်စရာကောင်းပြီး တကယ်ကောင်းတဲ့သူကို ရှာဖို့ဆိုတာ အရမ်းခက်တယ်ဆိုတာ နားလည်သွားခဲ့သူပါ။ ဒါပေမဲ့ ဘဝကို တစ်ကိုယ်တည်း မဖြတ်သန်းချင်တဲ့ သူမဟာ သူမကံကြမ္မာကို သူမကိုယ်တိုင် ဆုံးဖြတ်ခဲ့ပါတယ်။ အခုတော့ သူမဟာ အိမ်ထောင်သည် တစ်ယောက် ဖြစ်သွားပါပြီ။ သူမခင်ပွန်းက ကျောက်တုံးတစ်တုံး ဖြစ်နေတာကလွဲလို့ သူမဆန္ဒပြည့်မြောက်ခဲ့ပြီလေ။

“ကျွန်မရဲ့ လက်တွဲဖော်က ကျွန်မရဲ့ကျောက်တုံးပဲ။ သူက ကျွန်မရဲ့ နေ့စဉ်ဘဝဖြတ်သန်းရာမှာ အကူအညီပေးတယ်” လို့ သူမက ဆိုပါတယ်။အဲဒီကျောက်တုံးက ပင်လယ်ကမ်းနဖူးက ရှေးဟောင်းကျောက်တုံးတစ်တုံးပါ။

“ပင်လယ်ပြင်နဲ့ မျက်နှာချင်းဆိုင်က တောင်ကုန်းတစ်ခုပေါ်မှာ အရမ်းလှတဲ့ ရှေးဟောင်းကျောက်တုံး တစ်တုံးကို တွေ့တယ်။ အဲဒီကျောက်တုံးက ဘယ်မှမသွားဘူး။ အဲဒီမှာပဲရှိနေပြီး ကျွန်မကို စောင့်နေတယ်” လို့ သူမက ဆိုပါတယ်။
“ဒီကျောက်တုံးက အရမ်းကို ခံ့ညားလှပါတယ်။ ကျွန်မ ဒီကျောက်တုံးကို ချစ်တယ်” လို့ သူမက South China Morning Post ကို ပြောခဲ့တာပါ။

ဒီလိုလုပ်တာက ရူးကြောင်ကြောင်နိုင်တယ်လို့ လူတွေတွေးကြပေမဲ့ ထရေစီကတော့ သွေးသားဆန္ဒမပါတဲ့ အချစ်ရဲ့ နက်ရှိုင်းမှုကို ရှာဖွေနေသူဖြစ်တဲ့အတွက် အနုပညာဆန်တဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုလို့ ဆိုရပါလိမ့်မယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*