မတရားအိပ်ချင်နေတဲ့ တက္ကစီဒရိုင်ဘာကြောင့် ခရီးစဉ်အဆုံးထိ ကိုယ်တိုင်ကားမောင်းခဲ့ရတဲ့ သူ့ရဲ့ဖြစ်အင်

ထိုင်းနိုင်ငံမှာ တက္ကစီငှားစီးတဲ့ ခရီးသည်တစ်ဦးတော့ ရုတ်တရက် ဒရိုင်ဘာအဖြစ်တော့ ရောက်ရှိသွားရလေတယ်။ ဖြစ်စဉ်ကတော့ ခရီးသည် Santiphap Khunchanmee က တက္ကစီတစ်စီးငှားခဲ့တယ်။

မီးပွိုင့်မိနေချိန်မှာ ရုတ်တရက် ဒရိုင်ဘာက သူ့ကို အကူညီတောင်းပါတယ်။ အရမ်းအိပ်ချင်လာလို့ သူလုံးဝ မမောင်းနိုင်တော့လို့ Santiphap ကို ပေးမောင်းခိုင်းပါတယ်။ Santiphap လည်း ကားမောင်းတတ်တာနဲ့ အတော်ပဲဖြစ်သွားတာပေါ့။

ဒါပေမယ့် တစ်သက်မှာ ဒီလို တက္ကစီဒရိုင်ဘာမျိုးနဲ့တော့ သူမတွေ့ဖူးခဲ့တာအမှန်ပါ။ သူမပြောနဲ့ ကိုယ်တွေလည်း တွေ့ဖူးခဲ့တာမဟုတ်ပါဘူး။ ဒါကြောင့် Santiphap က သူ့ရဲ့ထူးထူးဆန်းဆန်းဖြစ်စဉ်ကို ဖေ့စ်ဘွတ်ပေါ် တင်ခဲ့ပါတယ်။


အင်တာနက်အသုံးပြုသူများလည်း သူ့ရဲ့ပို့စ်ကိုမြင်ပြီး ရယ်ချင်သလိုလိုပါပဲ။ Santiphap လည်း ဒီကိစ္စကို စောဒက မတက်တော့ပါဘူး။ သူ့အတွက်လည်း သိပ်အပန်းမကြီးတဲ့ကိစ္စမို့လို့ သူသွားချင်တဲ့နေရာကို ကိုယ်တိုင်ပဲ မောင်းလာခဲ့လိုက်တယ်။ ဒီခရီးစဉ်အတွက် ထိုင်းငွေ ဘတ်၃ဝဝ ပေးခဲ့ပါတယ်။ အိပ်ငိုက်ပြီး မောင်းနေတာထက်စာရင် အိပ်မငိုက်တဲ့ ခရီးသည်ကို ပေးမောင်းလိုက်တာက ပိုပြီး အန္တရာယ်ကင်းမယ် ထင်ပါတယ်။

ဒီလိုဖြစ်တာ Santiphap တစ်ယောက်တည်းလို့ ထင်သလား။ နောက်ထပ် ထိုင်းအမျိုးသားငယ် တစ်ယောက်လည်း ဒီ ဒရိုင်ဘာနဲ့ဆုံပြီး ကိုယ်တိုင်ကားမောင်းခဲ့ရပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*