McDonald ဘာဂါ ၁၀၀ကိုစားပြီး ကမ္ဘာ့စံချိန်ချိုးဖို့ကြိုးစားတဲ့ မော်ဒယ်

မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Nela Zisser ဟာ Food Challenge လို့ခေါ်တဲ့ အစားအသောက်ပြိုင်ပွဲအတွက် လေ့ကျင့်တဲ့အနေနဲ့ McDonald ဘာဂါ ၁၀၀ကို စားဖို့ကြိုးစားခဲ့ပါတယ်။ ပိုမိုပြိးစားနိုင်အောင် သူမဟာ ဆော့စ်အမျိုးမျိုးကိုလည်းအသုံးပြုခဲ့ပါတယ်။


လှပချောမောသူတစ်ယောက်ဖြစ်ပြီး Professional အစားပြိုင်ပွဲဝင်သူတစ်ယောက်လည်း ဖြစ်တဲ့ Nela Zisserဟာအစားအသောက်ပြိုင်ပွဲအတွက် ကြိုတင်လေ့ကျင့်နေခဲ့တာလည်း ကြာပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဘာဂါ၁၀၀ကို ဆော့စ်မျိုးစုံနဲ့ အကုန်စားပြဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိ ကမ္ဘာ့စံချိန်ဖြစ်တဲ့ ဘာဂါ၆၂ခုစားခဲ့တဲ့ စံချိန်ကိုမကျော်နိုင်ခဲ့ပါဘူး။ ဒီစံချိန်ကိုတော့ ဂျပန်နိုင်ငံက Yuka လို့ခေါ်တဲ့ ကောင်မလေးက စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်းပဲ Nela ဟာ ၁၁.၈ပေါင်နဲ့ညီမျှတဲ့ဘာဂါ ၄၅ခုကိုတော့ စားနိုင်ခဲ့ပါတယ်။ ဒီအလေးချိန်ဟာ မွေးကင်းစကလေး တစ်ယောက်ရဲ့ အလေးချိန်ထက်တောင်များပါတယ်။ ကယ်လိုရီအားဖြင့် 14560 ကယ်လိုရီပါဝင်ခဲ့ပြီး ဒါဟာ အမျိုးသမီးတစ်ယောက်နေ့စဉ်စားသုံးသင့်တဲ့ကယ်လိုရီထက် ၁၂ဆများပြားနေပါတယ်။ သူမစားသုံးခဲ့တာကတော့ ချိစ်ဘာဂါနဲ့ ကြက်သားဘာဂါပဲဖြစ်ပါတယ်။

“၂နာရီအတွင်းမှာ ဘာဂါ ၄၅ခုစားနိုင်ခဲ့ပါတယ်။ ၂နာရီပေမယ့် အချိန်အကြာကြီးလို့ကိုခံစားခဲ့ရပါတယ်။ တကယ်တော့ ကြားထဲမှာ နားလိုက်ရင် ဒိထက်ပိုစားနိုင်မှာ သေချာပါတယ်။ နောက်ဆုံးမှာတော့ ကျွန်မနောက်တစ်ခုထပ်မစားနိုင်တော့မှန်း နားလည်ခဲ့ပါတယ်။” နောက်ဆုံးမှာ သူ့မရဲ့ ထိုင်ခုံပေါ်ကို ထိုင်ချလိုက်ပြီး ခေါင်းကိုကိုင်ကာ မူးနေခဲ့ပါတယ်။ ထိုဗီဒီယိုကို Metal သီချင်းတစ်ပုဒ်နောက်ခံထားပြီး Youtube ပေါ်မှာ တင်ခဲ့အပြီးမှာတော့ အချိန်တို
အတွင်း အကြိမ်ရေ ၂၅၀၀ ကျော်အထိ ကြည့်ရှုခြင်း ခံခဲ့ရပါတယ်။

New Zealand နိုင်ငံက Auckland သူဖြစ်တဲ့ Nela ဟာအရင်ကလည်း Big Macs, Chicken Nuggets,Burritos, Cheese cakes, Curries နဲ့ Dumpling စတဲ့ အစားအသောက်များစွာနဲ့ အစားအသောက်စားနိင်စွမ်းစိန်ခေါ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အရင်တုန်းက နယူးဇီလန်ရဲ့ Miss Earth အဟောင်းလည်းဖြစ်တဲ့ Nela ဟာSocial Media ပေါ်မှာ ထောင်နဲ့ချီတဲ့ ပရိတ်သတ်တွေရှိနေပါတယ်။ သူမက သူမရဲ့ပရိတ်သတ်တွေကို သူမလိုမလုပ်ဖို့လည်း သတိပေးခဲ့ပါသေးတယ်။ဒါဟာ အကျင့်အများကြီးလိုကြောင်းလည်း သတိပေးစကားပြောကြားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*