ကိုယ်ပိုင်မိုက်ခရိုဖုန်းနဲ့ထမင်းလာစားတဲ့ဖိလစ်ပိုင်ကထူးထူးဆန်းဆနု်းအမျိုးသမီး

ကဲ…စားရင်းထပ်လိုလာရင်ချက်ချင်းမှာရမှာကြိုက်တဲ့သူ၊ Waiter တွေကိုခေါ်ရင်ချက်ချင်းမလာလို့စိတ်တိုတတ်တဲ့သူကကိုယ်တစ်ယောက်ပဲရှိတယ်လို့ထင်ခဲ့တာအလွဲကြီးလွဲတာပဲ 😛 ကိုယ့်ထက်စိတ်ကြီးတဲ့သူနဲ့လာတွေ့နေပါပြီနော် :3

ဖိလစ်ပိုင်နိုင်ငံရဲ့စားသောက်ဆိုင်တစ်ခုမှာဖြစ်ခဲ့တဲ့ ရယ်စရာခပ်ဆန်းဆန်းCustomer တစ်ယောက်အကြောင်းဆိုလည်းမမှားပါဘူး။ စားသောက်ဆိုင်မှာ လာရောက်စားသောက်တဲ့ Customer တွေထဲကမှ ကိုယ်ပိုင် Microphone နဲ့လာရောက်စားသုံးတဲ့အမျိုးသမီးတစ်ယောက်ထူးထူးဆန်းဆန်းရှိနေခဲ့ပါတယ်။ စားရင်းနဲ့ထမင်းလိုက်ပဲလိုချင်တာကြောင့်ထမင်းလိုက်ပွဲအပိုပေးပါဆိုပြီး ဆိုင်ထဲမှာသူ့ရဲ့ကိုယ်ပိုင်မိုက်ကြီးနဲ့အော်ပါလေရော..

တစ်ခါတည်းနဲ့မကြားလို့နှစ်ကြိမ်တောင်မိုက်နဲ့ထပြောလိုက်ပါသေးတယ်။ ဆိုင်ထဲကလူတွေလည်းသူ့ကိုမကို အံ့သြသွားကြပြီး ရယ်တဲ့သူကရယ်ပြုံးတဲ့သူကပြုံးနေပင်မဲ့သူမကတော့ဘာမှကိုမဖြစ်သလိုနဲ့အေးအေးဆေးဆေးခပ်တည်တည်ပါပဲ။ ဒီအဖြစ်ပျက်ကိုမြင်တဲ့ Customer တစ်ဦးကVideo ရိုက်ပြီးသူ့ရဲ့ Social Media မှာဖြန့်ရင်းအခုလိုထူးထူးဆန်းဆန်း Video ဟာ လူအများကြားပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်။

ကိုယ်ပိုင်မိုက်နဲ့ ကိုယ်စားချင်တာကိုရဲရဲဝံ့ဝံ့မှာစားနေတဲ့အမျိုးသမီးရဲ့ပုံစံကတော့ တကယ်ကိုအံ့လည်းအံ့သြ စရာကောင်းပြီး မြင်မြင်ချင်းမှာဘယ်သူမဆိုရယ်ရသွားစေတာတော့အသေချာပါပဲ…

 

Be the first to comment

Leave a Reply

Your email address will not be published.


*