Idol လူရွေးပြိုင်ပွဲမှာ မြွေအကနဲ့လာရောက်ယှဉ်ပြိုင်ခဲ့လို့ လူတိုင်းကို ရယ်ပွဲကျသွားစေခဲ့တဲ့ အမျိုးသား (ရုပ်သံ)

Myanmar idol ၊ Asia’s Got Talent နဲ့ The Voice စတဲ့ များစွာသောပြိုင်ပွဲတွေဟာ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ အနုပညာရှင်တွေကို သူတို့ရဲ့အရည်အချင်းတွေအများပြည်သူကိုပြသနိုင်ပြီး အောင်မြင်မှုတွေအရယူကြဖို့ အခွင့်အရေးပေးလေ့ရှိတဲ့ ပြိုင်ပွဲအစီအစဉ်တွေပါ ။ သို့ပေမဲ့လည်း

အချို့သောပြိုင်ပွဲဝင်တွေက လာရောက်ယှဉ်ပြိုင်ရင်း ဘယ်သူမှမထင်ထားခဲ့ကြတဲ့ သူတို့ရဲ့ယှဉ်ပြိုင်မှုတွေကြောင့် အူတက်အောင်ရယ်မောကြရတာတွေလည်း ဖြစ်ဖူးကြမှာပါ ။ သို့ပေမဲ့လည်း ဒိုင်တွေ ၊ ပရိသတ်တွေက ဘယ်လောက်ပဲရယ်နေကြပါစေ ဖျော်ဖြေတင်ဆက်မှုလုံးဝမပျက်တဲ့ ပြိုင်ပွဲဝင်တွေကလည်း တော်တော်လေးချီးကျူ းခံထိုက်ပါတယ် ။

ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံမှာကျင်းပတဲ့ Hero Remaja 2020 ပြိုင်ပွဲဟာ idol အဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာဖို့ လူတွေ့စစ်ဆေးတဲ့ ပြိုင်ပွဲတစ်ခုပါ ။ အဆိုပါပြိုင်ပွဲမှာတော့ နံပတ်စဉ် 0044 နဲ့ လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားရဲ့ မြွေအက ဟာလူအများကို အတော်လေး ရယ်ပွဲကျစေခဲ့ပါတယ် ။

အဆိုပါ အမျိုးသားဟာ သေချာလေ့ကျင့်ပြင်ဆင်လာပုံမရပဲ ၊ သူ၏ ကကွက်များဟာ စိတ်ထဲကထင်သလို ထွက်ပေါ်လာတဲ့ကကွက်ပုံစံမျိုးတွေပါ ။ သို့ပေမဲ့လည်း အဆိုပါအမျိုးသားဟာ သူရခဲ့တဲ့အချိန်အတိုင်း ပြီးဆုံးသည်အထိ ကပြဖျော်ဖြေသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*