Single ဘဝကလွတ်မြောက်နိုင်စေမဲ့ အောင်သွယ်တော်ဖိုးရွှေ ဘတ်စ်ကားကြီး

ကဲကဲ…တရုတ်ကSingle ကိုကိုတွေမမတွေအတွက်တော့ ကျေးဇူးရှင် Bus ကားကြီးလို့ဆိုရမှာပါပဲ…တရုတ်နိုင်ငံနေထိုင်သူ Zhengzhou ဆိုသူဟာBusကားပြေးဆွဲရင်းအောင်သွယ်တော်အလုပ်ကိုပါ တစ်ပြိုင်တည်းလုပ်ကိုင်နေသူတစ်ဦးဆိုလည်းမမှားပါဘူး။

သူ့ရဲ့ကားပေါ်မှာ ပဲ ကားမောင်းရင်းအောင်သွယ်ပေးလိုက်လို့ OK သွားတဲ့အတွဲတွေမနည်းတော့ဘူးရှိနေပါပြီ။ဒီလိုဗျ… သူ့ကားပေါ်မှာ Single(ရည်စားလိုချင်နေသူ) တစ်ချို့ရဲ့ Profile Information အကြောင်းအရာအကုန်လုံးကိုနှံ့နှံ့စပ်စပ်ဖော်ပြထားပြီး တစ်ဖက်နဲ့တစ်ဖက်စိတ်ဝင်စားရင်ချိတ်ဆက်လို့ရအောင်လုပ်ပေးထားတယ်လို့သိရပါတယ်။

ယောကျ်ားလေးမိန်းကလေးတစ်ဦးချင်းစီရဲ့ပုံ၊ အကြောင်းအရာအကျဉ်းချုပ်နဲ့ဘာလုပ်ကိုင်နေတယ် ပညာအရည်အချင်းကဘာဆိုတာတွေကို လွယ်လွယ်ကူကူသိရှိနိုင်ဖို့သူ့Bus ပေါ်မှာ အဆင်ပြေပြေဖန်တီးထားပေးထားတာပါ။ သူ့ရဲ့ ဒီလိုIdeas ကြောင့် Valentine’s Day မတိုင်ခင်ချစ်သူလိုချင်ပါတယ်လို့ပြောတဲ့သူတစ်ချို့လည်းအိမ်ထောင်တွေဘာတွေတောင်ကျကုန်တဲ့အထိကိုအောင်မြင်ခဲ့ပါတယ်။

အခုဆို သူကူညီလို့ ယူပြီးအဆင်ပြေနေကြတဲ့အတွဲ ၂၃ တွဲလောက်ရှိပြီလို့လည်းသိရပါတယ်။ သူ့ကားကိုလည်းလာရောက်စီးနှင်းတဲ့သူတွေပိုပိုများလာပြီး Single မဖြစ်ချင်ပဲ ဖြစ်နေရတဲ့သူတွေအတွက်လည်းတကယ့်ကို အဆင်ပြေတဲ့ Bus ကားကြီးဖြစ်နေတာပါပဲ။ သူ့အတွက်လည်းအဆင်ပြေ Single တွေအတွက်လည်းအိုကေသွားတာအသေချာပါပဲ…ကဲ..ဘယ်လောက်အိုကေလိုက်တဲ့ Idea လေးလဲ 😛

 

Be the first to comment

Leave a Reply

Your email address will not be published.


*