သူခိုးလား ပါရမီရှင် လား

၁၈၈၇ခုနှစ်က အိမ်နီးချင်း စတိုးဆိုင်ငယ် တစ်ခုမှာ ဂုဏ်သရေရှိ လူကြီးလူကောင်း ပုံရတဲ့ အသက်ငါးဆယ်ကျော် ခြောက်ဆယ်ခန့်ရှိတဲ့ အဘိုးအို တစ်ဦး ဟင်းသီးဟင်းရွက် တွေကို ဝယ်ယူဖို့ အရောင်းစာရေးမ ကို ဒေါ်လာ ၂၀တန်တစ်ရွက်ပေးပြီး အကြွေပြန်အမ်းဖို့ စောင့်ဆိုင်းနေပါတယ်။ စာရေးမလေးက ငွေ ကို လက်ခံကာ အံဆွဲထဲက အကြွေတွေကို ထုတ်ယူနေတယ်။ အဲ့ဒိအချိန်မှာ ဟင်းသီးဟင်းရွက် တွေကို ကိုင်တွယ်ထားရာကနေ သူမ ရဲ့ စိုစွတ်နေတဲ့ လက်ဖျားတွေမှာ မင်တွေ စွန်းပေလာတာကို သတိပြုလိုက်မိတယ်။


သူမ က လန့်ဖျန့်သွားပြီးတော့ ဘာလုပ်ရမလဲလို့ အတန်ကြာစဉ်းစားပြီး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တယ်။ အဘိုးအိုက နှစ်ရှည်လများစွာကတည်းက ရင်းနှီးခဲ့တဲ့ မိတ်ဆွေ တစ်ယောက်၊ အိမ်နီးချင်း တစ်ယောက်၊ ဖောက်သည်တစ်ယောက်ဖြစ်တဲ့ အီမန်နျူရယ်နင်းဂါးဖြစ်ပါတယ်။ သူက ဒေါ်လာ၂၀တန်အတုကိုတော့ မပေးနိုင်လို့ ယူဆပြီးတော့ အကြွေအမ်းလိုက်ပြီး ဝယ်သူလည်း ထွက်သွားပါတယ်။

၁၈၈၇ခုနှစ်အတိုင်းအတာနဲ့ ပြောရမယ်ဆိုရင် ဒေါ်လာ ၂၀ဆိုတာ တော်တော်များတဲ့ ငွေပမာဏ ဖြစ်လို့ နောက်မှ အတွေးပြောင်းသွားပြီးတော့ ရဲကို ဖုန်းဆက်အကြောင်းကြားလိုက်တယ်။ ရဲတစ်ယောက် က အဲ့ဒိဒေါ်လာ ၂၀တန်ကို အစစ်လို့ပဲ ထင်နေတယ်။ ဒါပေမယ့် ပွတ်ကြည့်တဲ့အခါ မင်စွန်းနေလို့ နောက်တစ်ယောက်က အစစ် ဟုတ်-မဟုတ် မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေတယ်။ နောက်ဆုံးတော့ သူတို့က သိချင်တဲ့ စိတ်ဓါတ် နဲ့ တာဝန်တွေအရ မစ္စတာနင်းဂါးရဲ့ အိမ်ကို ရှာဖွေဖို့ ဝရမ်းတစ်ခုကို ရယူခဲ့ပြီး ရှာဖွေတဲ့အချိန်မှာ အိမ်အပေါ်ထပ်ခိုးထဲမှာ ဒေါ်လာ၂၀တန်အတုလုပ်တဲ့ ပစ္စည်းတွေကို တွေ့ခဲ့ရတယ်။ ဒေါ်လာ၂၀တန်တစ်ရွက်မှာ ပုံနှိပ်နေဆဲဖြစ်တယ်။ သူ့ရဲ့ တခြား ပန်းချီကား သုံးချပ်ကိုလည်း တွေ့ခဲ့ရတယ်။ သူက အလွန်တော်တဲ့ ပန်းချီဆရာ တစ်ရာဖြစ်တယ်။ သူ့ရဲ့ ပန်းချီ လက်ရာ က အနုစိတ်လွန်းလို့ ဒေါ်လာ၂၀တန်တွေဖြစ်လာအောင် သူက လက်နဲ့ ရေးနိုင်တယ်။ ဆရာကြီးတစ်ယောက်ရဲ့ ကျွမ်းကျင်ပုံမျိုးနဲ့ တစ်ချက်ပြီးတစ်ချက် ဆွဲပြီးတော့ အတုကို အစစ်လို့ ထင်အောင် ရေးနိုင်ခဲ့တယ်။ နောက်ဆုံးတော့ ကံမကောင်းအကြောင်းမလှလို့ ကုန်စိမ်းဆိုင်က စာရေးမ ရဲ့ ရေစိုနေတဲ့ လက်တွေကြောင့်သာ အတုဖြစ်မှန် ပေါ်လွင်ခဲ့ရတာဖြစ်တယ်။

သူ့ကိုဖမ်းဆီးပြီးတဲ့အခါ သူရေးဆွဲထားတဲ့ ပန်းချီကား သုံးချပ်ကို အများပြည်သူ တွေကို လေလံတင်ရောင်းချတဲ့ အခါ ပန်းချီကားတစ်ချပ်ကို ဒေါ်လာ၅၀၀၀ကျော်ရလို့ စုစုပေါင်း သုံးချပ်အတွက် ဒေါ်လာ ၁၆၀၀၀ကျော် ရခဲ့တယ်။ ထူးဆန်းတာက ဒေါ်လာ၅၀၀၀ကျော်တန် ပန်းချီကား တစ်ချပ်ကို ဆွဲဖို့ အချိန်ကြာသလောက်ပင် ဒေါ်လာ ၂၀တန်အတုတစ်ရွက်လုပ်ဖို့ သူအချိန်ယူခဲ့ရတယ်။ ဒါပေမယ့် ဒီထူးချွန်တဲ့ ပါရမီရှင် က သူ့ရဲ့ ပါရမီ တွေကို သူခိုး တစ်ယောက်ဖြစ်ဖို့ အသုံးချခဲ့တယ်။ ဝမ်းနည်းစရာကောင်းတာက သူအများဆုံး အခိုးခံခဲ့ရ တဲ့သူက သူကိုယ်တိုင်ပဲ ဖြစ်တယ်။ သူရဲ့အစွမ်းအစတွေကို တရားဝင်သာအသုံးချခဲ့မယ်ဆိုရင် သူက လူချမ်းသာ တစ်ယောက်ဖြစ်လာနိုင်ပြီး အခြားသူတွေကိုလည်း ပျော်ရွှင်တဲ့အကျိုးကျေးဇူးတွေ ခံစားနိုင်ဖို့ လုပ်ပေးနိုင်မှာ ဖြစ်တယ်။ သူက အခြားသူတွေဆီက ခိုးယူဖို့ ကြိုးစားတဲ့အချိန်တွေမှာ သူ့ကိုယ်သူပြန်ခိုးနေမိတဲ့ မဆုံးနိုင်တဲ့သူခိုးစာရင်းမှာ တစ်ယောက်အပါအဝင် ဖြစ်သွားတယ်။

ဒီအဖြစ်ကိုပြန်လည်း သုံးသပ်ကြည့်ရင် ဒီ အဖိုးအို က အဲ့လောက်တောင်မှ အသုံးမကျရလားလို့ တွေးထင်ရပါတယ်။ ပြန်စဉ်းစားကြည့်ပါဦး ကျွန်တော် တို့ရော တစ်နေ့တစ်နေ့ မွေးရာပါ ပါရမီ တွေ ရှိရဲ့နဲ့ ဖြစ်သလိုနေခဲ့ကြပြီး ကိုယ့်အစွမ်းအစတွေကို ကိုယ်တိုင်ခိုးနေခဲ့တာ ဘယ်လောက်ကြာပြီလဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*